1030

383 45 0
                                    

Chapter 1030: ပိုင်နက်ကို ကာကွယ်ခြင်း

သက်ရှိကြယ်၏ မြေထုအောက်သို့ ရောက်ရှိသွားပြီးနောက်တွင်တော့ ရှီယန် နားလည်သွားသည်။
ဆေးနှင့်ကိရိယာစံအိမ်၏ ခွန်အားက ငွေကြေးပင်ဖြစ်၏။

နံပါတ်၉ သက်ရှိကြယ်၏ အတွင်းပိုင်းသည် ဧရာမမြို့တော်ကြီးပင်တည်း။
မီးရောင်စုံတောက်ပနေသော မြို့ပြညထဲ ရောက်ရှိသွားသည့်ပမာ ရှီယန် ခံစားလိုက်ရသည်။ ဤ မြေအောက်ကမ္ဘာသည် ကျယ်ပြန့်သော ကျောက်လမ်းမကြီးများ၊ များပြားလှစွာသော ဆေးစိုက်ခင်းများ၊ ဥဒဟိုသွားလာနေကြသော စစ်သင်္ဘောများနှင့် ပြည့်နှက်နေသည်။

ဤဂြိုဟ်ကို ပင်လယ်ရေမျက်နှာပြင်အောက် မီတာ ထောင်ပေါင်းများစွာအထိ တူးဖောက်ထားခဲ့ကြောင်း ဘက်တီနာ ပြောပြသည်။ အတွင်းပိုင်းတွင် နန်းတော်ကြီးများ အုပ်စုလိုက်ဖြင့် ဒါဇင်နှင့်ချီ ရှိနေသည်။ ထိုနန်းတော် အုပ်စု တစ်ခုချင်းစီတွင် ရှုပ်ထွေးသော ၀င်္ကဘာအစီအရင်များစွာဖြင့် ကာကွယ်ထားသည်။

ထိုနန်းတော်အုပ်စုကြီးများသည် ကွဲပြားခြားနားသော နယ်ပယ်များကို အထူးပြုထားခြင်းဖြစ်သည်။
ဆေးဝါးထုတ်လုပ်ခြင်း၊ လက်နက်သွန်းလောင်းခြင်း၊ စစ်သင်္ဘောကြီးများ တည်ဆောက်ခြင်း၊ ဆေးဝါးသိုလှောင်ရုံ၊ နတ်ဘုရားကျောက်တုံး သိုလှောင်ရုံ စသည်ဖြင့်…။ ဂြိုဟ်ကြီးတစ်ခုလုံးသည် အင်မတန် တောင့်တင်းသော ခံတပ်ကြီးတစ်ခုသဖွယ်ဖြစ်သည်။ နေရာတိုင်းတွင် စွမ်းအင်အဆင့်အတန်း အသီးသီးရှိကြသော သိုင်းသမား ထောင်ပေါင်းများစွာ အလုပ်လုပ်နေကြသည်။ အများစုက နတ်ဘုရင်အဆင့်များနှင့် မူလနတ်ဘုရားအဆင့်များဖြစ်ကြ၏။

ဆေးနှင့်ကိရိယာစံအိမ်၏ အဓိကအရည်အချင်းကို ဤဂြိုဟ်ကြီး၏ အတွင်းပိုင်းက လှစ်ဟပြသနေပေသည်။

မြေအောက်တွင် နတ်ဘုရားကျောက်တုံး မိုင်းတွင်း သုံးခုရှိသည်။ ထို မိုင်းတွင်းသုံးခုရှိ မတူးဖော်ရသေးသော နတ်ဘုရားကျောက်တုံးများသည် သုံးရောင်ခြယ်ပင်လယ်၏ စွမ်းအင်အခြေခံဖြစ်ခဲ့၏။

ထိုမိုင်းတွင်းများ၏ အထက်တွင် ရှစ်မြှောင့်သဏ္ဍာန် မှန်ချပ်ကြီးများ မြှုပ်နှံထားပြီး ထိုမှန်ချပ်ကြီးများပေါ်တွင် တူးဖော်ပြီးသော နတ်ဘုရားကျောက်တုံးအရေအတွက်နှင့် ခန့်မှန်းခြေ ကျန်ရှိနေသေးသော နတ်ဘုရားကျောက်တုံးအရေအတွက်များကို ဖော်ပြထားသည်။
မိုင်းတွင်းတစ်ခုချင်းစီသည် သန်းပေါင်းများစွာစုပုံနေသော နတ်ဘုရားကျောက်တုံးပုံကြီးပင်ဖြစ်လေ၏။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Tempat cerita menjadi hidup. Temukan sekarang