1113

292 47 0
                                    

Chapter 1113: ကောင်းကင်ချုပ်နဂါး

နတ်ဘုရားကလန်ဝင်များသည် ထွက်ပြေးသွားသည့် သူများနောက်လိုက်ဖမ်းရန် ပြန့်ကျဲသွားကြသည်။ ကွဲပြားသော ကြယ်နယ်မြေ၏ ထူးချွန်ကျော်ကြားသည့် သိုင်းသမားများသည် ကသောင်းကနင်း ထွက်ပြေးနေကြသည်။ လူတန်းကြီးသည် ဗွက်အိုင်ထဲ၌ သူတို့ ရှိနေသည့် နေရာမှ အဝေးသို့ စတင်ထွက်သွားကြသည်။

မော့ဖူ ၊ ဝူဖန်း နဲ့ စီစီလျာ တို့သည် နတ်ဘုရားကလန် သိုင်းသမားများ၏ ဝိုင်းရံခံရသောအခါ ဤနည်းလမ်းကို ထပ်ခါထပ်ခါ အသုံးပြုကြသည်။ သို့သော် ထိုသို့ အလိုက်ခံရပြီး ထွက်ပြေးနိုင်မည့် အခွင့်အရေးမရှိဘဲ နေရာ၌တင် အသတ်ခံရနိုင်မှုကို တားဆီးကာကွယ်ရန် ပြန်စုရုံးတတ်ကြသည်။

နတ်ဘုရားကလန် နဲ့ ရင်ဆိုင်ကြသောအခါ သူတို့သည် ခွဲထွက်သွားကြပြီး နတ်ဘုရားကလန်၏ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုကို အရင်ရှင်းထုတ်ခဲ့ပြီးမှ ပြန်စုရုံးတတ်ကြသည်။

ဗွက်အိုင်ထဲ၌ နတ်ဘုရားကလန်အဖွဲ့သည် တိုးချဲ့ကြပြီး အဖွဲ့ငယ်လေးများအဖြစ်သို့ ခွဲလိုက်ကြသည်။

မီအာသည် အေးစက်နေသည့် မျက်နှာထားနဲ့ မတ်တပ်ရပ်နေဆဲဖြစ်သည်။ ပိုင်ဟောက် နဲ့ ဖိလစ်တို့လည်း ထွက်ပြေးသူများကို လိုက်ဖမ်းရန် သွားကြသည်။ ယွီမာန်သည် မော့ဖူ ၊ ဝူဖန်း နဲ့ တခြားသူများ၏ ထွက်ပြေးရာလမ်းကြောင်းအား သူ့ကလန်ဝင်များကို ပြောပြရင်း အလုပ်ရှုပ်နေသည်။ သူတို့ မျက်မမြင်တစ်ယောက်ပမာ လိုက်ရှာနေဖို့ မလိုအပ်ရန်ဖြစ်သည်။

နတ်ဘုရားကလန်ဝင်များ၏ အရိပ်များက မီအာကို ကျော်ဖြတ်သွားကြသည်။ သူမ မျက်မှောင်ကြုတ်ပြီး မည်းနက်နေသည့် ရေစီးကြောင်းနား၌ မတ်တပ်ရပ်လိုက်သည်။

ပထမဆုံးပစ်ခတ်တိုက်ခိုက်မှုလုပ်ပြီးနောက် ရှီယန်သည် ရေစီးကြောင်းမှ တစ်ဟုန်ထိုး ထွက်လာပြီး ခနလေးအတွင်း ကွဲသွားသည့် ဖန်ခွက်ပမာ ပျံ့သွားသည်။

၎င်းသည် ဟင်းလင်းပြင်စွမ်းအင်အသိ၏ အစွမ်းအစဖြစ်ကြောင်း သူမ သိသည်။ ဟင်းလင်းပြင်စွမ်းအင်အသိရှိသော သိုင်းသမားများသည် ဖမ်းမိရန် အခက်ခဲဆုံးပစ်မှတ်များ ဖြစ်ကြကြောင်းလည်း သူမ သိထားသည်။ သို့သော် သူမ ထွက်မသွားခဲ့ပါ။ ရှီယန်သည် အလွန်ဝေးသည့် နေရာသို့ သွားမှာမဟုတ်ကြောင်း သူမ အလိုလိုယုံကြည်နေမိလို့ဖြစ်သည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Where stories live. Discover now