1059

329 48 0
                                    

Chapter 1059: တိုက်ပွဲ

ရှီယန်သည် ဟင်းလင်းပြင်ထဲတွင် လွင့်မျောရင်း ကနဦးနတ်ဘုရားအဆင့် သိုင်းပညာရှင်ခြောက်ယောက်၏ တိုက်ပွဲကို ကြည့်နေလိုက်သည်။ ထိုတိုက်ပွဲတွင် သူ ဝင်မပါချင်ပါ။

ဤတိုက်ပွဲသည် အာဂါတေးကြယ်နယ်မြေ၏ သမိုင်းတွင် မှတ်တမ်းတင်သွားမည်ဖြစ်သည်။ ၎င်းသည် သူ့လိုမျိုး ကျင့်ကြံခြင်းအဆင့်လောက်နဲ့ ပြောင်းလဲလို့မရသော အရာမဟုတ်ပါ။ ဤအချိန်တွင် သူ့၌ ထိုသို့ လုပ်နိုင်သော အစွမ်းအစ မရှိပါ။

လူအိုကြီး သူ့ကို ပြောခဲ့သောစကားကို သူ အမြဲတမ်းအမှတ်ရနေသည်။ ကနဦးနတ်ဘုရားအဆင့်မရောက်ခင်အထိ မင်း ဘယ်သူဆိုတာကို လျှို့ဝှက်ထားဖို့ အကောင်းဆုံးကြိုးစားပါ ဆိုသည့် စကားပင်။

အမှောင်ရိပ်ကလန် နဲ့ နတ်ဘုရားကလန်တို့သည် ရင်းနှီးကြသည်။ ကော်ကာသည်ပင် သူ ဘယ်သူဆိုသည်ကို ရိပ်မိနိုင်ခဲ့သည်။ သူ စွမ်းအားအသုံးပြုပုံကို မြင်လျှင် အကြီးအကဲ ဘီလို နဲ့ ကေဒါတို့လည်း ရိပ်မိသွားကြမှာ သေချာသည်။ နတ်ဘုရားကလန်သည် ဘန်နီအား တခြားကြယ်နယ်မြေများပင် ဖြတ်ကျော်၍ လိုက်ဖမ်းနေခဲ့ကြသည်မဟုတ်လော။ ဤသည်ကို မြင်ရခြင်းဖြင့် နတ်ဘုရားကလန်သည် သွေးသောက်ရှစ်ယောက်၏ မျိုးဆက်များကို လိုက်ဖမ်းနေခြင်းမှ ဘယ်တော့မှမရပ်ကြကြောင်း သူ သိပြီးဖြစ်သည်။

ရှီယန်သည် သွေးသောက်ရှစ်ယောက်၏ အရှင်သခင်ထံ အမွေဆက်ခံသူဖြစ်သည်။

သူ ဘယ်သူဆိုတာ ပေါက်ကြားသွားသည်နဲ့ နတ်ဘုရားကလန်က မည်သည့်နည်းလမ်းဖြင့်မဆို သူ့ကို ထောင်ချောက်ဆင်ပြီး ဖျက်ဆီးရန် ကြိုးစားကြမည်ဖြစ်သည်။ ထိုသို့ဖြစ်သွားလျှင် အက်စကော့မိသားစုတစ်ခုတည်းနှင့် ဆိုင်သောကိစ္စမဟုတ်တော့ချေ။

ယခုအချိန်တွင် သူတို့ကို ခုခံရန် သူ့၌ အစွမ်းအစမရှိသေးကြောင်း ရှီယန် သိထားသည်။ ပုန်းကွယ်နေခြင်းသည် ယခုအချိန်တွင် အရေးကြီးသည်။ သူ စိတ်ကူးပင်မယဉ်ဖူးသော တိုက်ခိုက်ခံခြင်းမှ ရှောင်ရှားရန် သူ့ကိုယ်သူ ဖုံးကွယ်ထားရမည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Tempat cerita menjadi hidup. Temukan sekarang