1056

332 47 1
                                    

Chapter 1056: နေရောင်ကို ပြန်တွေ့ရခြင်း

အပြာရောင်မီးလျှံများသည် ရေခဲတမျှအေးစက်သော ပင်လယ်တစ်ခုလုံးကို ဖုံးလွှမ်းထားပြီး ၎င်းကို အငွေ့ပျံစေ၏။ အဆိပ်ပါသော မြူခိုးမြူငွေ့များ ပျံ့ထွက်ကုန်ပြီး ဟင်းလင်းပြင်လမ်းကြောင်းထဲ အလုံးအရင်းပြည့်နှက်သွားသည်။ သို့သော် အာဂါတေးကြယ်နယ်မြေဘက်သို့ မစီးဆင်းသွားကြပါ။

ယွီရှန်သည် တည်တည်ငြိမ်ငြိမ် နဲ့ သူမ ခန္ဓာကိုယ်မှ အပြာရောင်မီးလျှံများ မရပ်မနား ထုတ်လွှတ်ရင်း ပင်လယ်ထက်၌ ပျံသန်းနေသည်။ ထိုမီးလျှံများသည် အေးစိမ့်စိမ့်ပင်လယ်ထက်တွင် စုစည်းပြီး ရေစီးကြောင်းများကို ဆက်တိုက် လောင်မြိုက်နေသည်။

ရှီယန် နဲ့ ရွှမ်ဖေး တို့သည် သူမ နားတွင် တိတ်ဆိတ်စွာ ရပ်နေကြသည်။ သူတို့အောက်ရှိ ပင်လယ်ကို သတိထားစောင့်ကြည့်နေကြသည်။ အဆိပ်ပြင်းသောမြူခိုးမြူငွေ့များကို ရှောင်ရှားရန် သူတို့ခန္ဓာကိုယ်ပေါ်၌ မီးလျှံများဖြင့် ကာဆီးထားကြသည်။

မူလစွမ်းအင်၏ ကောင်းကင်မီးလျှံသည် အလွန်ပူပြင်းသဖြင့် ထိုမြူခိုးမြူငွေ့များကိုပင် အငွေ့ပျံသွားစေနိုင်သည်။ ထိုမြူခိုးမြူငွေ့များသည် သူတို့ခန္ဓာကိုယ်ပတ်ပတ်လည်ရှိ မီးလျှံအလွှာများကို ချဉ်းကပ်လာကြသောအခါ လောင်ကျွမ်းပြီး ပျောက်ကွယ်သွားကြသည်။

“ဒီမယ်…ဒီမယ်…” ရွှမ်ဖေးသည် ပျင်းနေသဖြင့် ရှီယန်ကို အကျယ်ကြီးခေါ်လိုက်သည်။

ပင်လယ်အောက်ဘက်သို့ အာရုံစူးစိုက်နေစဉ် ရှီယန် အလန့်တကြားဖြစ်သွားသည်။ သူ့ခန္ဓာကိုယ်သည် တုန်သွားပြီး သူမကို အားတင်းပြုံးပြ၍  “မိန်းကလေး ကျုပ်ကို ဘာလို့ခေါ်တာလဲ”

ရေခဲတမျှ အေးစက်သော ပင်လယ်ရေများ ဆက်တိုက်ခြောက်ခမ်းနေပြီး လေထဲသို့ အငွေ့အဖြစ် ပျံသွားသည်ကို တွေ့သောအခါ ရှီယန် ငြိမ်သက်သွားသည်။ တောင့်တင်းနေသော သူ့အာရုံကြောများသည် နောက်ဆုံးတွင် ပြေလျော့သွားကြသည်။ ယခု ပြင်ပဟင်းလင်းပြင်က ဉာဏ်များသော မိန်းကလေးနဲ့ စကားပြောရန် စိတ်ပါလာပြီဖြစ်သည်။ သို့သော် သိပ်မဖော်ရွေပါ။ စကားများသော ထိုမိန်းကလေးကို သူ လေးစားသော်လည်း သူမနဲ့ မရင်းနှီးနိုင်ပါ။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Where stories live. Discover now