1165

329 43 0
                                    

Chapter 1165: အသည်းနှလုံး တိုက်ကွက်

ကန္တာရထဲတွင် ရှီယန် သွေးများပိုမို အန်ထုတ်လိုက်သည်။ ထို သွေးအရိုး ၁၀ခုပေါ်သို့ သူ၏သွေးများလွှမ်းသွားသောအခါ တောက်ပသော ပတ္တမြားကဲ့သို့ဖြစ်နေစေသည်။ အရိုး၁၀ခုပေါ်ရှိ အစီအရင်က မှေးမှိန်လာသည်။ သူတို့ ရှင်းလင်းလုနီးပါးဖြစ်နေသည်။

ရှန်းယင်ယွီ နှင့် စီစီလျာရှိသည် ရှီယန်ကိုကြည့်ကာ အလွန်ပင် မွန်းကြပ်နေသည်။ သူတစ်ခုခုဖြစ်မည်ကို သူတို့စိုးရိမ်နေကြသည်။ သူ အဆုံးထိတောင့်ခံနိုင်ရန် သူတို့မျှော်လင့်နေကြသည်။
အရာအားလုံးထိုအဆင့်သို့ရောက်လာသဖြင့် ရှီယန်သည် ဟာဆွန်နှင့် နောက်တစ်ကြိမ်တိုက်ခိုက်နေသည်ကို သူတို့တွေ့နေရသည်။ ဟာဆွန် ဘယ်လောက် ရူးသွပ်မှန်းသူတို့သိသည်။ ရှီယန် သူ့ကို အနိုင်မယူနိုင်ဘဲ သူ၏ဝိဉာဉ်ပျက်စီးသွမည် ကို သူတို့စိုးရိမ်သည်။ သူ၏ အသက်သည် ထို အရိုး၁၀ခုအတွက် ဆုံးရှုံးသွားနိုင်သည်။

သို့သော် ရှီယန်သည် သူတို့တွေးထင်ထားသည်ထက် ပိုမို သန်မာ၏။
သူ၏ ခန္ဓာကိုယ် ပြောင်းလဲသွားသည်။ သူ့တွင် သေခြင်းမဲ့မိစ္ဆာခန္ဓာတဖြည်းဖြည်း ပေါ်လာသည်။ သူ၏ကိုယ်အတွင်းရှိ သေခြင်းမဲ့မိစ္ဆာသွေးစက်တိုင်းသည် သိပ်သည်းသော မကောင်းဆိုးဝါးစွမ်းအင်လှိုင်းများ ထုတ်လွတ်ပေးနေသည်။
ပိုးထည်များကဲ့သို့ ကြယ်တာရာအလင်းလွှာများသည် သူ၏ သေခြင်းမဲ့မိစ္ဆာခန္ဓာကိုယ် ကို တဖြည်းဖြည်း လွှမ်းခြုံသွားပြီး သူ့ကို အိမ်မက်ကဲ့သို့ကြည်လင်နေသော ဝတ်ရုံလွှာထဲသို့နစ်မြုတ်သွားစေသည်။ ရှန်းယင်ယွီ နှင့် စီစီလျာတို့သည် ရှီယန်ကို ယခုကဲ့သို့ မြင်လိုက်ရသောအခါ သူသည် ပြီးပြည့်စုံလွန်းသည်ဟု တွေးမိကြသည်။ မိန်းကလေးနှစ်ယောက် အံအားသင့်သွားသည်။ သူတို့၏လှပသောမျက်ဝန်းများဖြင့် ရှီယန်ကို ထူးဆန်းစွာကြည့်နေမိကြသည်။

ရွှစ်…ရွှစ်
ကောင်းမွန်သော သွေးစီးကြောင်းများ သွေးအရိုး၁၀ခုမှ ထွက်ပေါ်လာကာ ထူးဆန်းသောစက်ဝန်းက ဖျတ်ကနဲ ပျောက်ကွယ်သွားသည်။
မရေမတွက်နိုင်သော သွေးစီးကြောင်းများသည် လွင့်မျောပျံသန်းသွားပြီး ဟာဆွန်ရှိရာအရပ်သို့ ဦးတည်နေသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Where stories live. Discover now