Chapter 0

4.5K 153 17
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ၊ ဘာလို့ဒီလောက်တောင် ခက်ခဲနေရတာလဲ။
Chapter Zero- လူသားတို့ ဆင့်ကဲပြောင်းလဲ
လာခြင်းပေလော

  ရှေးဟောင်းခန်းမဆောင်ကြီးတစ်ခု။

ကြမ်းပြင်ကို အနက်ရောင်ကျောက်သားများဖြင့် ခင်းကျင်းထားသည်။ နှစ်ပေါင်းများစွာ ကြာ
မြင့်ခဲ့ပြီဖြစ်သော အထိမ်းအမှတ်အဖြစ် ထိုကြမ်းပြင်တွင် အက်ကွဲကြောင်းများကို တွေ့ရ
ပေသည်။

ခန်းမဆောင်ကြီး၏ မျက်နှာကျက်တစ်ဝက်မှာ
ပြိုကျပျက်စီးနေပြီးဖြစ်သဖြင့် ပြန့်ကျဲနေသော ကျောက်တုံးအပိုင်းအစများကို နေရာအနှံတွင်တွေ့နေရ၏။

ကြောက်မက်ဖွယ်ရာကောင်းသည့် ပုံစံအသီးသီးရှိသော စကျင်သားနတ်ဆိုး​ရုပ်ထု
ကြီးများကလည်း နေရာတိုင်းတွင်ရှိနေသည်။
အချို့သော ရုပ်ထုများမှာ ဆိုးဆိုးဝါးဝါးပျက်
စီးနေပြီး နတ်ဆိုးများ၏ရုပ်ထုခေါင်းက ကြမ်း
ပြင်ပေါ်သို့ ပြုတ်ကျနေ၏။ ထူးဆန်းပြီး ကျက်သီးထစရာကောင်းသည့် အနီရောင်အမြစ်များ
နှင့်ခရမ်းရောင်သစ်ရွက်များရှိသော နွယ်ပင်များက ကြမ်းပြင်နှင့်ကပ်ကာ ပေါက်ရောက်နေသည်။ ထိုနွယ်ပင်များထဲမှာအချို့မှာ ကြွက်နှင့်အခြားနို့တိုက်သတ္တဝါငယ်ကလေးများ၏
အသေကောင်ကို ရစ်ပတ်ထားလျက်ရှိပြီး အရိုး
အများအပြားမှာလည်း ခန်းမအတွင်းပြန့်ကျဲ
လျက်ရှိပေ၏။

ခန်းမကြီး၏အလယ်တွင်တော့ ကြိုးများဖြင့်
တွဲလောင်းချချုပ်နှောင်ခံထားရဟန်ရှိသည့်
နတ်ဘုရားတစ်ပါး၏ရုပ်ထုရှိနေသည်။ ထိုနတ်
ဘုရား၏မျက်နှာအမူအရာမှာ ရယ်မောနေဟန်
ရှိသည့်တိုင် တစ်မျိုးကျက်သီးထစရာကောင်း
နေ၏။ နတ်ဘုရား၏ကျောတွင် အတောင်တစ်
စုံရှိကာ သူ၏လက်နက်ဖြစ်ပုံရသောလှံမှာတော့
အသွားမရှိတော့ပေ။ နဂိုထုဆစ်စဥ်ကတည်းက
မပါသည်လား၊ နောက်မှရာသီဥတုဒဏ်ကြောင့်
ပျက်စီးသွားသည်လားတော့ မည်သူမှမသိပါ။

ထိုနတ်ရုပ်ထုကြီးကို ဆိုင်းကြိုးလေးကြိုးဖြင့်
ဆိုင်းထားပြီး ​ဆိုင်းကြိုးတစ်ခုချင်းစီကို နံရံတွင်ကပ်ကာထုထားသည့် နတ်ရုပ်လေးရုပ်၏လက်
ထဲတွင်ချိတ်ထားသည်။ နတ်လေးပါးက နတ်
တစ်ပါးကို ဝိုင်းဝန်းချုပ်နှောင်ထားကြဟန်ပင်။

I just Wanna be Hero not HeroineWhere stories live. Discover now