ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V4 Chapter 22 - လုပ်ကြံမှုရဲ့နောက်ကွယ်မက်ဒါနာရဲ့ဟီးရိုးဖြစ်ချင်တဲ့အိပ်မက်က သူ့ဦးလေးဆီကနေ မြစ်ဖျားခံခဲ့တာလို့ ပြောလို့ရနိုင်တယ်။ ဦးလေးဖြစ်သူဟာ ရေမြေတွေခြားနားနေပေမဲ့ သူငယ်ငယ်ကတည်းက နှစ်တိုင်းလိုလို သူတို့မိသားစုလေးဆီ လာလည်နေကြပါ။
အမြဲလိုလို သူ့ရဲ့စွန့်စားခန်းတွေအကြောင်း မင်းလွင်ကို ပြောပြခဲ့ပြီး ကိုယ်တိုင်လိုက်ပါစွန့်စားချင်လာတဲ့အထိ စိတ်ဝင်စားလာစေခဲ့သူပါ။ ပြီးတော့ စွမ်းအားတွေမရှိသေးတဲ့အချိန်မှာတောင် မင်းလွင်က အရှုံးမပေးဘဲ ဟီးရိုးအိပ်မက်ကို အကောင်အထည်ဖော်ဖို့အတွက် တီထွင်မှုတွေကို ရှေ့ဆက်နေဆဲပါ။ သူ့ရဲ့နေ့ရက်ဟောင်းတွေကို ပြန်တွေးကြည့်မိတော့ မက်ဒါနာတစ်ယောက် သူနဲ့မင်းလွင်ဟာ မတူညီတဲ့လူနှစ်ဦးလိုဖြစ်နေပြီဆိုတာ ပြန်တွေးမိခဲ့တယ်။
"မင်းဦးလေးသေဆုံးခဲ့ရတဲ့အကြောင်းအရင်းကို ဟီးရိုးအစည်းအရုံးက ဘယ်လိုပြောခဲ့လဲ။"
မက်ဒါနာ ပြန်စဥ်းစားလိုက်တယ်။ ဒီကိစ္စက သူ့ဘဝရဲ့ကြီးမားတဲ့ အဖြစ်အပျက်တွေထဲက တစ်ခုဖြစ်တာမလို့ တော်ရုံမမေ့နိုင်တဲ့ ကိစ္စတွေထဲက တစ်ခုလို့ဆိုရမှာပါ။
"ပျက်ကျတဲ့ လေယာဥ်ထဲက လူတွေကိုကယ်ရင်း လေယာဥ်အတောင်ပံနဲ့ခိုက်မိပြီး ဆုံးသွားတာမဟုတ်လား။"
ဓားနတ်ဆိုးက ခေါင်းညိတ်လိုက်ပြီး ဆက်ပြောပြတယ်။ "ဒါပေမဲ့ တခြားပယောဂတစ်ခုလည်းပါတယ်ကွ၊ လေယာဥ်ပျက်မကျခင်က လေယာဥ်ပြန်ပေးမှုတစ်ခုဖြစ်ခဲ့တယ်။"
မက်ဒါနာလည်း အာရုံကိုစုစည်းပြီးတော့ ဓားနတ်ဆိုးဆက်ပြောမယ့်စကားကို သေချာဆက်နားထောင်တယ်။ ကီလိုမန်းသေဆုံးခဲ့စဥ်တုန်းက ဖြစ်နိုင်ခြေရှိတဲ့ သီအိုရီတွေကို ကျွမ်းကျင်သူအများအပြားက ထုတ်ဖော်ခဲ့ကြပေမဲ့ ဟီးရိုးအစည်းအရုံးကတော့ ကံမကောင်းတဲ့ မတော်တဆမှုလို့သာ အတည်ပြုခဲ့ပါတယ်။ ဒီတော့ အမှန်တကယ်လုပ်ကြံမှုတစ်ခုဟုတ်မဟုတ် သေချာမသိရဘဲ မက်ဒါနာကိုယ်တိုင်လည်း သူ့ဦးလေး လုပ်ကြံခံရတဲ့ဖြစ်နိုင်ခြေကို သံသယအဆင့်မှာသာ ထားရှိနေပါသေးတယ်။
YOU ARE READING
I just Wanna be Hero not Heroine
Teen Fiction"ဘုရားသခင် ငါ့ရှေ့ကိုလာခဲ့စမ်းပါ။ ငါမင်းကို နုပ်နုပ်စင်းပစ်ချင်လို့ပါ။ ငါက သိပ်လှတဲ့ ချစ်သူလိုချင်တာဟ။ သိပ်လှတဲ့ ကောင်မလေးဖြစ်ချင်တာမဟုတ်ဘူး။" မင်းလွင်ဟာ အမြဲတမ်း စူပါဟီးရိုးဇာတ်ကားတွေထဲကလို အစွမ်းရှိဟီးရိုးတစ်ယောက် ဖြစ်ချင်သူပေါ့။ ဒါပေမဲ့ စိတ်ကူးက...