ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V4 Chapter 16 Part 1- နာဂါနိုတိုက်ပွဲ[Author Note: စာဖတ်ပရိသတ်များခင်ဗျား၊ အစ်ကိုတစ်ယောက်အကြံပေးတာနဲ့ ဥစာကီနဲ့ဖလိမ်းဂါးဒီးယမ်းရဲ့တိုက်ပွဲအကြောင်းကို ပိုကောင်းအောင်ပြင်လိုက်တဲ့အတွက် နှစ်ပိုင်းနီးပါးရှည်သွားလို့ နှစ်ခုခွဲတင်လိုက်ရပါတယ်။ တိုက်ခိုက်ခန်းတွေကတော့ တကယ်ရှယ်ပါပဲ။]
နှစ်ဖက်လုံးက အလျှော့ပေးမယ့်အနေအထားမှာ ရှိမနေတဲ့အတွက် ဂျပန်နိုင်ငံရဲ့နာဂါနိုမြို့မှာ နောက်ထပ် မြူတန့်လူသားစစ်ပွဲတစ်ခု ဖြစ်လာခဲ့ပါပြီ။ ဒီတိုက်ပွဲကို နှောင်းလူတွေက နာဂါနိုတိုက်ပွဲလို့ခေါ်မှာဖြစ်ပြီး အရှေ့စွန်းဖျားနိုင်ငံတွေအတွက် အရေးပါတဲ့ရလဒ်ကို ဆုံးဖြတ်ပေးနိုင်တဲ့တိုက်ပွဲတစ်ခုပါ။
လောလောဆယ်တော့ ဖလိမ်းဂါးဒီးယမ်းနဲ့ဥစာကီတို့နှစ်ယောက်လုံးက အသံမြန်နှုန်းကိုချိုးဖျက်ပြီး မိုးပေါ်ကို ထောင်တက်သွားကြတယ်။ နှစ်ယောက်ချင်း လေပေါ်မှာတိုက်ခိုက်ဖို့ဖြစ်ပြီး ဒီလိုလုပ်မှသာ သူတို့ရဲ့ကိုယ်ပိုင်တပ်တွေကို ပြန်နင်းမိသလို မဖြစ်မှာပါ။
S rankတွေရဲ့ကိုယ်ပိုင်စွမ်းအားက မြင့်မားလွန်းတဲ့အတွက်ကြောင့် အားကုန်ထုတ်တိုက်တဲ့အခါမျိုးမှာ ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်အားသက်ရောက်မှုတွေက သိပ်ကိုကြီးမားလွန်းတယ်မဟုတ်လား။
ခေါင်းဆောင်နှစ်ယောက်စတိုက်တာနဲ့ ကျန်တဲ့သူတွေလည်း ငြိမ်မနေတော့ပါဘူး။ နည်းပညာချပ်ဝတ်တွေဝတ်ထားတဲ့ မြူတန့်ဌာနစိတ်အေးဂျင့်ရာချီက ဟီးရိုးတွေကို စတင်ပြီးပစ်ခတ်တယ်။ ဟီးရိုးတွေဘက်ကလည်း အားမနည်းတဲ့အတွက်ကြောင့် တိုက်ပွဲစစချင်းမှာပဲ အနားက အဆောက်အဦးတော်တော်များများ ပျက်စီးကုန်ပါပြီ။
အဆင့်မြင့်မြူတန့်တွေကို ရင်ဆိုင်ဖို့အသုံးမဝင်တဲ့ ဂျက်ဖာဆင် အိုဖိုးစက်ရုပ်တွေက တိုက်ပွဲထဲမှာ သိပ်ကိုထင်ရှားလွန်းနေတဲ့အတွက် မြန်မြန်ဆန်ဆန်ပဲ ဖျက်ဆီးခံနေရတယ်။
တိုက်ပွဲစတာ ငါးမိနစ်မရှိသေးပေမဲ့ မြူတန့်ဌာနစိတ်တပ်ဖွဲ့ဟာ စုတ်ပြတ်နေအောင် ခံနေရပါပြီ။
YOU ARE READING
I just Wanna be Hero not Heroine
Teen Fiction"ဘုရားသခင် ငါ့ရှေ့ကိုလာခဲ့စမ်းပါ။ ငါမင်းကို နုပ်နုပ်စင်းပစ်ချင်လို့ပါ။ ငါက သိပ်လှတဲ့ ချစ်သူလိုချင်တာဟ။ သိပ်လှတဲ့ ကောင်မလေးဖြစ်ချင်တာမဟုတ်ဘူး။" မင်းလွင်ဟာ အမြဲတမ်း စူပါဟီးရိုးဇာတ်ကားတွေထဲကလို အစွမ်းရှိဟီးရိုးတစ်ယောက် ဖြစ်ချင်သူပေါ့။ ဒါပေမဲ့ စိတ်ကူးက...