V4 Chapter 27

100 10 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V4 Chapter 27 - ရန်သူ့နယ်မြေ

လေယာဥ်ပျံပေါ်မှာတော့ မက်ဒါနာက ပြတင်းပေါက်အပြင်ဖက်ကိုကြည့်ရင်း အတွေးတွေပြန့်လွင့်နေပါတယ်။ အခုထိ သူ့နားထဲမှာ ဥစာကီပြောခဲ့တဲ့စကားတွေကို ကြားယောင်နေတုန်းပဲ။

'ဟီးရိုးတွေမှာ ရန်သူတွေလုံလောက်အောင် ရှိခဲ့ပြီးပြီ၊ ဒါပေမဲ့...' မက်ဒါနာအနေနဲ့ သူ့ဦးလေးကိုသတ်သွားတဲ့သူနဲ့ ပတ်သက်တဲ့သဲလွန်စနောက်ကို လိုက်ချင်နေတယ်။

ဗီလိန်ကွန်ယက်က ရလာတဲ့ဒေတာတွေကလည်း အကန့်အသတ်ရှိပါတယ်။ တရုတ်နိုင်ငံက အရိပ်အဖွဲ့ကိုကြေးစားအပ်တယ်ဆိုတာပဲ သိရတာဖြစ်ပြီး ဘယ်သူတွေ အမှန်တကယ်ပါဝင်ခဲ့သလဲဆိုတာကိုတော့ ဖော်ထုတ်ရခက်ပါတယ်။

မက်ဒါနာက အပြင်ဖက်မှာရှိနေတဲ့ ​​ညနေခင်းကောင်းကင်ကြီးကို ကြည့်လိုက်မိတယ်။ သူတို့တွေ ဂျပန်ကထွက်လာတုန်းက ညပိုင်းပါ။ ဒါပေမဲ့လေယာဥ်ပေါ်မှာ ဆယ်နာရီလောက်အချိန်ကုန်ပြီးတဲ့နောက်မှာ မနက်ပိုင်းပြန်ဖြစ်သွားတယ်။ ကျန်တဲ့လူတွေရောက်လာတာစောင့်ရင်း နာရီတချို့ထပ်ကြာခဲ့ပြီး အခုလေယာဥ်ပေါ်ရောက်တော့ နောက်ထပ်ညပိုင်းကို ပြန်ရောက်လာပြန်တယ်။

ပြတင်းပေါက်ကနေတစ်ဆင့် သူတို့က ကပ်ပါလာတဲ့ တခြားလေယာဥ်ပျံနှစ်စင်းကိုလည်း မြင်နေရပါတယ်။ မက်ဒါနာ၊ ဖရာလီတာ၊ ဥစာကီ၊ အာကိုင်းဂါမီ၊ အေမီတို့လိုမျိုး အဖွဲ့ရဲ့ထိပ်သီးတိုက်ခိုက်ရေးသမားတွေပါတဲ့ တိုကျိုဟီးရိုးအစည်းအရုံးလေယာဥ်က ရှေ့ကဦးဆောင်နေတာဖြစ်ပြီး ကျန်နှစ်စင်းက နောက်ကနေလိုက်ကာ တြိဂံပုံစံ အတူတကွပျံသန်းနေကြတာပါ။

တိုကျိုအစည်းအရုံးလေယာဥ်ကို ရှေ့ကနေသွားဖို့အတွက် ဆုံးဖြတ်လိုက်ရတဲ့အကြောင်းအရင်းက ပိုထူထဲတဲ့ကျည်ကာကိုယ်ထည်နဲ့ လက်နက်တွေကို တပ်ဆင်ထားတာကြောင့်ဖြစ်ပါတယ်။

ပန်ဒရာဂွန်လေယာဥ်နဲ့ဆုဗာနာလေယာဥ်တွေကလည်း အားကောင်းကြပေမဲ့ အဆင့်တစ်ခုတော့ နိမ့်နေဆဲပါ။

"အချိန်မီမရောက်ဖို့တော့ မပူရပါဘူး၊ ငါတို့တွေလန်ဒန်ကနေ Balearic ပင်လယ်ကျွန်းစုတွေဆီကိုပျံသန်းဖို့ နှစ်နာရီခွဲပဲလိုတယ်။"

I just Wanna be Hero not HeroineWhere stories live. Discover now