V2 Chapter 15

253 38 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V2 Chapter 15 - ကောင်စုတ်လေး ရေနစ်ပြီ

ဆု​ဗာနာနယ်စားနယ်မြေဟာ ယေဘုယျအားဖြင့် ပင်လယ်ရေမျက်နှာပြင်အထက် ပေသုံးထောင်မှာ တည်ရှိပါတယ်။ နိုင်ငံအတွင်း အမြင့်ဆုံးတောင်ကတော့ ရက္ခပိုရှီတောင်ဖြစ်ပြီး ပေ ၂၁၈၀၀ မြင့်တယ်။

တောင်ပေါ်ဒေသ စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီးတော့ နယ်စားနန်းတော်နဲ့ ငွေလမင်းရေကန်တည်ရှိရာ သိရိစန္ဒါမြို့ဟာ နိုင်ငံရဲ့မြို့တော်ပါ။ ဧရီယာ ၉၀၀၀ ကီလိုသာ ကျယ်ဝန်းတဲ့အတွက် ကယား/ကရင်နီပြည်နယ်ထက် အနည်းငယ်ပိုသေးပါတယ်။

အဓိကခရိုင်ဒေသသုံးခုခွဲထားပြီး တော်ဝင်နယ်မြေဖြစ်တဲ့ စန္ဒာလမင်းခရိုင်၊ တိပတ်အနွယ်ဝင်နဲ့မန်ချူးမျိုးနွယ်အများစုနေထိုင်ရာ ရှန်းယန်ခရိုင်၊ အိန္ဒိယတိုင်းရင်းမျိုးနွယ်များနေထိုင်ရာ ပဟာလော့ခရိုင်တို့က အဓိကနယ်မြေကြီးတွေပါ။

လက်ရှိ လူဦးရေ လေးသန်းခွဲသာရှိပြီးတော့ စက်မှုလုပ်ငန်းအားနည်းပါတယ်။ တစ်နိုင်ငံလုံးရဲ့GDPဟာ အမေရိကန်ဒေါ်လာ ၇.၁၄ ဘီလီယံရှိတယ်။ တောင်ပေါ်​နိုင်ငံတစ်နိုင်ငံအနေနဲ့တော့ မဆိုးဘူးလို့ပြောရမှာပါ။

မက်ဒါနာတို့ ဆုဗာနာလေဆိပ်ကိုရောက်တော့ ပထမဆုံးတွေ့လိုက်ရတာက သူတို့ကိုဂုဏ်ပြုကြိုဆိုဖို့ရောက်နေတဲ့ နယ်မြေကိုယ်ပိုင်စစ်တပ်ကိုပါ။ ဧရာမ ပုရွတ်ဆိတ်ကြီးတွေစီးပြီး လှံနဲ့သစ်သားဒိုင်းတွေကိုလက်မှာကိုင်ထားကြတယ်။ သေနတ်တော့ရှိကြပေမဲ့ ကျောမှာလွယ်ထားတဲ့ ပထမကမ္ဘာစစ်ကျန်လက်နက်လိုလို ကျည်တစ်လုံးထိုးရိုင်ဖယ်တွေကိုသာ တွေ့ရပါတယ်။

"ဝန်ကြီး၊ ဒီအမဲလိုက်တပ်ဖွဲ့က နိုင်ငံတကာလေဆိပ်မှာ ဘာလုပ်နေတာလဲဟင်။" မက်ဒါနာက မနေနိုင်ဘဲ မေးလိုက်တယ်။

သူ့အနေနဲ့တော့ ဒီလောက်စုတ်စုတ်ပြတ်ပြတ်တပ်ဖွဲ့က နိုင်ငံစစ်တပ်ဖြစ်မယ်ထင်မထားဘူး။ ပြီးတော့ သူတို့နဲ့ပုံစံတူနိုင်ငံဖြစ်တဲ့ ဘူတန်နိုင်ငံတောင်မှ သူတို့ရဲ့ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ကို မောင်းပြန်သေနတ်စုံအောင် ဆင်ပေးနိုင်တယ်မဟုတ်လား။

I just Wanna be Hero not HeroineWhere stories live. Discover now