V2 Chapter 14

263 43 1
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V2 Chapter 14 - နယ်စားသခင်လေးတော့ ဒေါသထွက်နေပြီ

ဆု​ဗာနာနယ်စားနယ်မြေပိုင် ကိုယ်ပိုင်ဂျက်လေယာဥ်ကြီးတစ်စင်းဟာ ကမ်းမမြင်လမ်းမမြင် သမုဒ္ဒရာကြီးကိုဖြတ်ကာ ပျံသန်းနေတယ်။

နယ်စားမင်းသမီးအသစ်ဆက်ဆက်လေး မက်ဒါနာ၊ ​ပန်ဒရာဂွန်မိသားစုမှ ဗစ်ကောင့်ဖရာလီတာ၊ နတ်ဘုရားအသံအဖွဲ့ခေါင်းဆောင် ဆိုဖီယာ၊ နယူးယောက် ကွင်းစ်နယ်မြေရဲကပ္ပတိန်လင်ဒါနဲ့သမီးလေး လီဆာ၊ မက်တယ်ပလာဒင် မန်နေဂျာချုပ် ဖလေရာ၊ မြူတန့်သိပ္ပံအဖွဲ့အစည်းမှ ထွက်ပြေးလာသူ စမ်းသပ်ခံဟောင်း စကော်ပီယို၊ မက်၊ လယ်ရီ၊ မိုး၊ အယ်လိုဟင်၊ နိုင်ငံခြားရေးဝန်ကြီးဦးမောင်မောင်တို့ လေယာဥ်ပေါ်မှာ လိုက်ပါလာတယ်။ မင်းသမီးမက်ဒါနာရဲ့မယ်တော် မေမေသီတာလည်းပါတာပေါ့။

မက်၊ လယ်ရီနဲ့မိုးလ်က ဆု​ဗာနာရိုးရာမုန့်တစ်မျိုးဖြစ်တဲ့ ဘိန်းမုန့်ဝိုင်းဝိုင်းကြီးကို ဂျက်လေယာဥ်ပေါ်က ဖိုက်ပါစားပွဲဝိုင်းပေါ်တင်၊ ဖယောင်းတိုင်လေးတွေစိုက်ပြီး မွေးနေ့ပွဲ​အသေးစားတစ်ခုကို ကျင်းပနေကြတယ်။ ကံမကောင်းစွာနဲ့ ဂျက်လေယာဥ်ပေါ််မှာ မီးလောင်လွယ်သတဲ့ ပစ္စည်းအများအပြားရှိလို့ ဖယောင်းတိုင်မီးကိုတော့ တကယ်ထွန်းလို့မရခဲ့ဘူး။

"Happy Birthday to us
Happy Birthday to us
Happy Birthday dear Max, Lerry and Mor
Happy Birthday to us"

ယနေ့ ၁၂၄ နှစ်ပြည့်ကြပြီဖြစ်တဲ့ မက်၊ လယ်ရီနဲ့မိုးတို့က သူတို့ဘာသာသူတို့ မွေးနေ့လုပ်နေကြတာဖြစ်ပြီး လွန်အော့ခ်ပိုးကောင်တွေရဲ့ပျှမ်းမျှသက်တမ်းက နှစ်ငါးရာခန့်ရှည်တယ်လို့ဆိုတယ်။ သာမန်လူ့သက်တမ်း၏ ၇ဆနီးပါးပါ။

မက်ဒါနာကတော့ ဆိုဖီယာနဲ့ ဘေးချင်းကပ်ရပ်ခုံမှာ ထိုင်နေရပြီး မျက်နှာချင်းဆိုင်ခုံမှာရှိနေတဲ့ လင်ဒါနဲ့လီဆာတို့ကို ​မှင်သေသေနဲ့ကြည့်နေတယ်။

"ငါတို့ရဲ့အရာရှိကြီးက ဘယ်လိုလုပ်ပြီး နိုင်ငံပိုင်အထူးလေယာဥ်ပေါ်ကို ပါလာရတာလဲ။ ကွင်းစ်မှာ လုပ်စရာတာဝန်တွေ မရှိတော့ဘူးလား။"

မက်ဒါနာ့မေးခွန်းကြောင့် လင်ဒါက ပခုံးတွန့်ပြီး ကမ္ဘာပေါ်မှာအရိုးရှင်းဆုံး ကိစ္စတစ်ခုကိုပြောပြသလိုမျိုး ရှင်းပြလိုက်တယ်။

I just Wanna be Hero not HeroineWhere stories live. Discover now