ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V2 Chapter 3 - ပန်ဒရာဂွန်သခင်မလေးက ကလေးဆန်တယ်ပန်ဒရာဂွန်မိသားစုဟာ ဗြိတိန်ရဲ့ဂန္တဝင်မိသားစုကြီးဖြစ်တယ်။ တစ်ခါက သူရဲကောင်းဘုရင်ဖြစ်တဲ့ ဘုရင်ကြီးအာသာဟာ ဒီမိသားစုလေးကနေ ပေါ်ထွန်းခဲ့တာဖြစ်ပြီး ကျောက်တုံးထဲကဓားကို ဆွဲထုတ်နိုင်ခဲ့သူပါ။ သွေးခံတော်ခွက်ကို မြင်ခဲ့ဖူးသူဖြစ်ပြီး အင်မတန်စွမ်းအားကြီးတယ်။ ယနေ့အထိ သူ့အကြောင်း ပုံပြင်တွေ၊ ရုပ်ရှင်တွေ၊ ဝတ္ထုနဲ့ကဗျာတွေ ခေတ်စားနေကြဆဲဖြစ်တယ်။
ကန်းမလော့အင်ပါယာကြီး ကျဆုံးပြီးတဲ့နောက် ပန်ဒရာဂွန်တွေဟာ ဖြည်းဖြည်းချင်း ကျဆင်းလာခဲ့ပြီးတော့ ယနေ့ခေတ်မှာ ဗစ်ကောင့်မျိုးနွယ်တစ်ခုမျှသာ ဖြစ်ပါတော့တယ်။
ဥက္ကာခဲတွေ ကမ္ဘာပေါ်ကို ကျဆင်းလာချိန်တည်းက အင်္ဂလန်ဘုရင်မကြီးကိုယ်တိုင်က ပန်ဒရာဂွန်မိသားစုအတွက် သီးသန့်တာဝန်တစ်ခုပေးခဲ့တယ်။ စွမ်းအင်သလင်းကျောက်တွေကို လိုက်လံစုဆောင်းဖို့နဲ့ မူလဇာစ်မြစ်ကို စုံစမ်းဖို့ပါ။
မိုက်ကယ် ထရွန်ရွန် ပန်ဒရာဂွန်ဟာ အဲဒီအမိန့်တော်ကို လက်ခံခဲ့တဲ့ ဒုတိယမျိုးဆက်မိသားစုခေါင်းဆောင်ဖြစ်တယ်။ ပြီးတော့ သူက ဖရာလီတာနဲ့ဖခင်ပါ။
ဖရာလီတာ အသက်၇နှစ်အရွယ်မှာ မစ်ရှင်တစ်ခုကို ထမ်းဆောင်ရင်း ကျဆုံးသွားခဲ့တယ်။ အဲဒီမစ်ရှင်မလုပ်ခင် သူက ဖရာလီတာကို ငွေရောင်သလင်းကျောက်လေးကိုမြုပ်ထားတဲ့ လော့ကတ်သီးတစ်ခု ပေးခဲ့တယ်။ သူပြန်မလာနိုင်ရင် အတွင်းက သလင်းကျောက်ကို အသုံးပြုလိုက်ဖို့လည်း ပြောခဲ့တယ်။
လူသားတွေအားလုံး သိထားခဲ့တာက ၁၉၉၂ ခုနှစ်မှာမှ ဥက္ကာသလင်းကျောက်တွေ ကမ္ဘာပေါ်ကို ကျဆင်းလာခဲ့ပြီး မှော်ဆန်တဲ့ မြူတန့်စွမ်းအားတွေ ပေါ်ထွန်းလာခဲ့တယ်ဆိုတာကိုပေါ့။ ဒါပေမဲ့ ဒီလော့ကတ်သီးလေးရဲ့သက်တမ်းက သိပ်ကိုကြာညောင်းလွန်းလှပြီ။ သမိုင်းဝင်လန်ဒန်မျှော်စင်ကြီးကို စတင်တည်ဆောက်ခဲ့တဲ့နှစ်ဖြစ်တဲ့ ၁၁၉၀ ခုနှစ်ဆိုတဲ့ စာသားကို လော့ကတ်သီးပေါ်မှာ ရေးထိုးထားခဲ့တယ်။ ကြာပြီဆိုပေမဲ့ နည်းနည်းလေးမှ အိုဟောင်းနေတဲ့ပုံမပေါ်ဘူး။ အတွင်းက သလင်းကျောက်ကလည်း အခုနောက်ပိုင်းမှ ထည့်သွင်းမြုပ်နှံထားတာမျိုးမဟုတ်ဘူး။ ဟိုအရင်ကတည်းက တည်ရှိနေသလိုမျိုး။
YOU ARE READING
I just Wanna be Hero not Heroine
Teen Fiction"ဘုရားသခင် ငါ့ရှေ့ကိုလာခဲ့စမ်းပါ။ ငါမင်းကို နုပ်နုပ်စင်းပစ်ချင်လို့ပါ။ ငါက သိပ်လှတဲ့ ချစ်သူလိုချင်တာဟ။ သိပ်လှတဲ့ ကောင်မလေးဖြစ်ချင်တာမဟုတ်ဘူး။" မင်းလွင်ဟာ အမြဲတမ်း စူပါဟီးရိုးဇာတ်ကားတွေထဲကလို အစွမ်းရှိဟီးရိုးတစ်ယောက် ဖြစ်ချင်သူပေါ့။ ဒါပေမဲ့ စိတ်ကူးက...