V3 Chapter 6

160 27 1
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V3 Chapter 6 - စုံတွဲအက

မက်ဒါနာနဲ့ဖရာလီတာဟာ သူတို့ရဲ့လက်အိတ်ဝတ်မထားတဲ့ လက်တွေကို အချင်းချင်းတွဲထားကြရင်း လူမကွဲအောင် လုပ်လိုက်ကြတယ်။ ဒါကြောင့် ဒီနေရာသာ မြူတန့်နယ်​မြေထဲမှာမဟုတ်ရင် ပုံမှန်ပန်းခြံထဲမှာ အတွဲနှစ်ယောက် လက်ချင်းတွဲထားသလိုမျိုး လူတိုင်းထင်မိမှာ အမှန်ပဲ။

ရန်သူတွေကတော့ သူတို့ကို စပြီးတိုက်ခိုက်နေပါပြီ။ ရှီနိုဘီတွေလို ဝတ်ဆင်ထားကြတဲ့ ရန်သူတွေကို မက်ဒါနာတို့က လက်ချင်းတွဲပြီး ရင်ဆိုင်နေရတယ်။ ဖရာလီတာက ပထမဆုံးပြေးဝင်လာတဲ့တစ်​ယောက်ကို စက်လက်အိတ်ဝတ်ထားတဲ့ လက်သီးနဲ့ရင်ဝကို ထိုးလိုက်တယ်။

မက်ဒါနာကတော့ နောက်ထပ်ပြေးတက်လာတဲ့ နှစ်ယောက်ကို လေဆာသေနတ်နဲ့ ပစ်ပေးလိုက်တယ်။ ရှီနိုဘီနှစ်ယောက်ရဲ့ရင်ဘတ်ကို အဖြူရောင်လေဆာအလင်းက ဖောက်ထွက်သွားပြီး သွေးမှုန်တွေက မြူတွေနဲ့အတူ လေထုထဲမှာမျောလွင့်ကုန်ပါတယ်။

"ဟားဟားဟား...."

ရုတ်တရက် ယာကူဇာတစ်ယောက်က ရယ်မောရင်း သူတို့အနားကိုရောက်လာတယ်။ အဲဒီယာကူဇာရဲ့လက်တစ်ဖက်က ကြွက်သားတွေနဲ့ သဘာဝမကျစွာ ဖောင်းကားနေပြီးတော့ ဖရာလီတာရဲ့ခေါင်းကိုထုချလိုက်တယ်။ ဖရာလီတာဟာလည်း လျင်မြန်စွာနဲ့ စက်လက်အိတ်နဲ့ ခံဆောင်လိုက်ပြီး အတွဲညီစွာနဲ့ မက်ဒါနာ​က အဲဒီယာကူဇာရဲ့အရှိုက်နေရာကို ထိုးထည့်လိုက်တယ်။

မက်ဒါနာနဲ့ဖရာလီတာရဲ့လှုပ်ရှားပုံတွေဟာ ပုံမှန်တိုက်ပွဲဝင်နေတာနဲ့မတူဘဲ ဘိုလီယိုစုံတွဲအကကနေတဲ့ မိန်းကလေးနှစ်ယောက်လိုထင်ရပါတယ်။ တစ်ယောက်က ရှေ့ကိုပြေးသွားလိုက်၊ တစ်ယောက်က ရှေ့ကိုပြေးလိုက်။ တစ်ခါတရံမှာ တစ်ယောက်နဲ့တစ်ယောက် ပြေးဆုံပြီး ခေါင်းပေါ်ကိုလက်မြှောက်ကျော်ကာ နေရာချင်းလည်း ချိန်းတတ်ကြသေးတယ်။

တစ်ခါတလေမှာတော့ တစ်ယောက်ဆီကိုတစ်ယောက်ပြေးရင်း အဖော်ဖြစ်သူရဲ့နောက်မှာရောက်နေတဲ့ ရန်သူ့ရင်ဝကိုလည်း ကန်တတ်ကြသေးတယ်။

I just Wanna be Hero not HeroineWhere stories live. Discover now