ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V2 Chapter 35 - ဓားနတ်ဆိုးနယ်စားနန်းတော်မှာတော့ လီဆာနဲ့ ကင်းမြီးကောက်မြူတန့်ဖြစ်တဲ့ စကော်ပီယိုတို့က ဧည့်သည်တွေအတွက်ပေးတဲ့ သီးသန့်အထူးအိပ်ခန်းတစ်ခန်းထဲမှာ ရှိနေပါတယ်။
နယ်စားနန်းတော်က ဆောက်ထားတာကြာပြီဖြစ်ပေမဲ့ အတွင်းပိုင်းမှာကတော့ ခေတ်မီပစ္စည်းတွေအပြည့် ရှိနေတဲ့အတွက်ကြောင့် ဟိုတယ်အခန်းတစ်ခန်းလိုပါပဲ။
လီဆာက ဖုန်းလေးကိုဖွင့်လိုက်ပြီး နယ်စားနန်းတော်ရဲ့ဝိုင်ဖိုင်နဲ့ ချိတ်လိုက်တယ်။ သိပ်မကြာခင်မှာပဲ အင်တာနက်မှာ လိုက်လံရှာဖွေမွှေနောက်ရင်း နယူးယောက်က SilverKnightအတုကိစ္စနဲ့ပတ်သက်ပြီး တော်တော်လေးဖတ်လိုက်ရတယ်။
နတ်ဆိုးကိုးကွယ်သူများအသင်းက ကောင်လေးတွေကတော့ အခုထိအချုပ်ထဲမှာ ရှိနေသေးပြီးတော့ အမှုကို အယူခံဝင်မယ့်ကိစ္စမှာလည်း လေဒီဘတ်တာဖလိုင်းနဲ့ ချီလုလုတို့ဟာ ဖိအားတွေနဲ့ရင်ဆိုင်နေရပါတယ်။
အွန်လိုင်းသတင်းမီဒီယာတစ်ခုကဆိုရင် အခုလိုမျိုးတောင် postတင်ထားပါတယ်။ 'နယူးယောက်ရဲ့ရဲရဲတောက် တရားဥပဒေဟီးရိုးအဖွဲ့ ရေစုန်မျောသွားတော့မှာလား။'ဆိုတဲ့ ဆောင်းပါးကို ပြန်လည်မျှဝေသူ တစ်သိန်းကျော်နဲ့ လိုက်ငါးသိန်းနီးပါး ရထားပါတယ်။ ဝင်ရောက်ဆွေးနွေးထားသူတွေလည်း ထောင်နဲ့ချီရှိပြီး တချို့ကတော့ SilverKnightကို ပြစ်တင်ပြောဆိုနေကြပါတယ်။
ဟီးရိုးအစည်းအရုံးဘက်ကတော့ ဘာတရားဝင် ထုတ်ပြန်ကြေညာမှုမှမရှိသေးပါဘူး။ ပုံမှန်ဆိုရင်တော့ SilverKnightကို ဗီလိန်အဖြစ်တရားဝင်သတ်မှတ်ပြီး ဌာနကအမဲလိုက်ရမှာဖြစ်ပေမဲ့ အခုလိုဖြစ်မလာဘူး။ အကြောင်းကတော့ ဒုဌာနမှူးဟယ်ရီက နယူးယောက်မှာရှိနေတဲ့ SilverKnightဟာ အတုဖြစ်နိုင်တယ်လို့ အစည်းအဝေးမှာတင်ပြခဲ့ပြီးတော့ တခြားသူတွေက မှတ်ချက်မပေးခဲ့ပေမဲ့ ဌာနမှူးကတော့ သက်သေအခိုင်အလုံရမှ ထုတ်ပြန်ကြေညာမယ်လို့ ပြောခဲ့ပါတယ်။
ဒါကြောင့် SilverKnightရဲ့အခြေအနေက 'မသေချာသေး'ဆိုတဲ့ ခေါင်းစဥ်အောက်မှာသာ ရှိနေပါသေးတယ်။
YOU ARE READING
I just Wanna be Hero not Heroine
Teen Fiction"ဘုရားသခင် ငါ့ရှေ့ကိုလာခဲ့စမ်းပါ။ ငါမင်းကို နုပ်နုပ်စင်းပစ်ချင်လို့ပါ။ ငါက သိပ်လှတဲ့ ချစ်သူလိုချင်တာဟ။ သိပ်လှတဲ့ ကောင်မလေးဖြစ်ချင်တာမဟုတ်ဘူး။" မင်းလွင်ဟာ အမြဲတမ်း စူပါဟီးရိုးဇာတ်ကားတွေထဲကလို အစွမ်းရှိဟီးရိုးတစ်ယောက် ဖြစ်ချင်သူပေါ့။ ဒါပေမဲ့ စိတ်ကူးက...