V3 Chapter 27 - အဆုံးမဲ့မြူပင်လယ်

115 18 1
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V3 Chapter 27 - အဆုံးမဲ့မြူပင်လယ်

လွန်ခဲ့သော နှစ်ငါးဆယ်ခန့်က။

သစ်သားကုလားထိုင်ပေါ်တွင်ထိုင်နေသော အဖွားအိုက အသက်ကြီးနေပြီဖြစ်သော ကြောင်အိုကြီး၏ သားမွှေးများကို ပွတ်သပ်ပေးလိုက်သည်။ ကြောင်အိုကြီးက သူ့မျက်ခုံးမွှေးများကို လက်နှင့်သပ်လိုက်ရင်းပါးရည်နားရည်များတွန့်လိပ်နေသည့် သခင်မကိုကြည့်ကာ မြှောင်ခနဲအော်လိုက်၏။

"ဘာ​ဖြစ်လို့လဲ နီကိုလိုင်း၊ ဟုတ်သားပဲ။ ဗိုက်ဆာနေလောက်ရောပေါ့။"

အဖွားအိုက ခုံမှထလိုက်ရင်း နောက်ဖေးမီးခိုချောင်သို့ဝင်သွားသည်။ ထို့နောက် အသင့်စားကြောင်စာထုတ်ကို ဖောက်လိုက်ပြီး ရုရှားဘာသာဖြင့် နီကိုလိုင်းဟုနာမည်ရေးထားသော ခွက်ကလေးထဲသို့ အနည်းငယ်ခွဲထည့်ပေးလိုက်သည်။

ကြောင်နက်အိုကြီးကလည်း အမြီးလေးကိုနှုန့်ရင်း အပြေးလာကာ ကြောင်စာမုန့်ကလေးများကို လျှာဖြင့်လျက်ကာ စတင်ကိုက်ခွဲစားသောက်၏။

ရုတ်တရက် အိမ်တံခါးပွင့်သွားပြီး သေနတ်ကိုင်ထားသည့် လူငယ်​နှစ်ယောက်က အိမ်ထဲပြေးဝင်လာကြသည်။

"အဖွားကြီး၊ လက်မြှောက်ပြီး ရှိတာအကုန်ထုတ်ပေးစမ်း။"

သို့သော်လည်း အဖွားကြီးတွင် ဘာမှပေးစရာမရှိပေ။

"သားတို့ရယ် မလုပ်ပါနဲ့၊ ဒီအမယ်အိုကြီးမှာ ရောဂါအတွက် ဆေးတွေအပြင်ဘာမှမရှိပါဘူး။"

သို့သော်လည်း ဓားပြနှစ်ယောက်က သိပ်သဘောကျပုံမရ။ တစ်​ယောက်က အဖွားကြီးကို လက်ပြန်ရိုက်ချလိုက်သဖြင့် အိုမင်းနေသော ခန္ဓာကိုယ်မှာ ကြမ်းပြင်ပေါ်သို့ ပုံကျသွား၏။

ထိုအခါ အစာစားနေသောနီကိုလိုင်းက ဒေါသဖြင့်အော်ဟစ်လိုက်ပြီး ဓားပြတစ်ယောက်ဆီသို့ပြေးသွား​ကာ ပေါင်ခွကြားကို လက်သည်းဖြင့်ခုန်ကုပ်လိုက်သည်။

"အား...." ဓားပြက သူ့အဟွာဝင်စိုက်ဝင်နေသော ကြောင်လက်သည်းကိုကြည့်ရင်း အော်ဟစ်လိုက်၏။ သွေးစတချို့လည်း စီးကျလာသဖြင့် ငယ်ပါပြတ်သွားပြီဆိုသောအသိက ထိုဓားပြငယ်ထိပ်ကို တက်ဆောင့်ပြီး နာကျင်မှုက နဂိုကထက် ပိုပြင်းထန်လာသည်။

I just Wanna be Hero not HeroineWhere stories live. Discover now