V3 Chapter 34

123 19 1
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V3 Chapter 34 - မိစ္ဆာကောင်

စံအိမ်ဧည့်ခန်းထဲကို ဝင်လိုက်ကတည်းက ဖရာလီတာ သဘောမကျ။

ဒီနေရာကို တစ်စုံတစ်ယောက် ကြိုရောက်သလိုမျိုး ခံစားနေရတယ်။ အဲဒီနေ့က စတန်းဖို့ခ် သတိပေးတဲ့စကားကို သတိရမိတော့ ဖရာလီတာကိုယ်ထဲကသွေးတွေအားလုံး အေးခဲသွားသလိုမျိုး ခံစားရတယ်။ သူ့ဘဝမှာဖုံးလွှမ်းနေတဲ့ ကြောက်ဖို့အကောင်းဆုံးအရိပ်မည်းကြီးက တကယ်ပဲ​ပြန်ရောက်လာခဲ့ပြီလား။

နှာခေါင်းထဲ သွေးနံရလာတဲ့အတွက်ကြောင့် ဖရာလီတာ စံအိမ်ကြီးရဲ့အမှောင်ဖုံးနေတဲ့ထောင့်တွေကို ကြည့်လိုက်မိတယ်။ ခြောက်သွေ့နေတဲ့သွေးစက်တွေနဲ့ ပြာနှမ်းနေတဲ့ လူတွေရဲ့သက်မဲ့ခန္ဓာကိုယ်တွေ။

သေချာပါတယ်၊ ဒီစံအိမ်ကြီးထဲမှာ လူသတ်ပွဲတစ်ခုဖြစ်ခဲ့တယ်။ ဒါပေမဲ့ အပျက်အစီးသိပ်မရှိတဲ့အတွက် စံအိမ်ထဲက လူတွေဟာခုခံဖို့တောင် အချိန်မရလိုက်ဘူးလို့ ဖော်ပြနိုင်တယ်။

ဒီလိုလုပ်နိုင်တဲ့သူက ကမ္ဘာပေါ်မှာတစ်ယောက်တည်းရှိမှန်း ဖရာလီတာသိတယ်။ သူ့ဘဝရဲ့အကြီးမားဆုံး အရိပ်မည်းဖြစ်သလို သူ့ရဲ့နောက်ဆုံးကျန်တဲ့ဆွေမျိုးလည်းဖြစ်တဲ့ ဝမ်းကွဲအစ်ကိုပါ။

ထူးခြားတဲ့မြူတန့်စွမ်းအား Clock up... အချိန်တစ်စက္ကန့်ကို အသုံးပြုသူရဲ့ရှုထောင့်သက်သက်အတွက် စက္ကန့်ပေါင်းများစွာအဖြစ် ပွားယူနိုင်တဲ့စွမ်းအား။ အမြန်နှုန်းစွမ်းအားမဟုတ်ပေမဲ့ အလားတူပဲအလုပ်လုပ်တယ်။ အချိန်ခရီးသွားတယ်လို့ ပြောလို့ရပေမဲ့ တစ်ချိန်တည်းမှာပဲ အဲဒီလိုဟုတ်မနေပြန်ဘူး။

အားနည်းချက်အနေနဲ့ သူများအချိန်တစ်စက္ကန့်ဖြတ်သန်းနေရချိန်မှာ သူကစက္ကန့်ပေါင်းများစွာဖြတ်သန်းရတဲ့အတွက် အဲဒီစက္ကန့်တွေအတွက် အသက်ပိုကြီးသွားပေမဲ့ စက္ကန့်အနည်းငယ်ပဲဖြစ်တဲ့အတွက် သိပ်မသိသာဘူး။ ဒါပေမဲ့ ဒီလူက သူ့စွမ်းအားကို အလကားဘယ်တုန်းကမှ အသုံးမပြုခဲ့ဘူး။ ဒါပေမဲ့ သူသုံးတဲ့အခါမှာလည်း သွေးချောင်းစီးခဲ့တာချည်းပဲ။

I just Wanna be Hero not HeroineWhere stories live. Discover now