V2 Chapter 37

190 32 4
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V2 Chapter 37 - ဓားနတ်ဆိုး

နယ်စားမင်းရဲ့အခန်းထဲကိုရောက်တော့ နယ်စားမင်းက သူတို့ထင်သလို အိပ်မနေဘဲ သူတို့လာမှာကို စောင့်နေတာ တွေ့ရပါတယ်။ စစ်ဆင်ရေးကိစ္စကို နယ်စားဖိုးဖိုးလည်း သိထားတာမလို့ သူ့မြေးတွေ ပြန်လာမှာကို စိတ်ပူစွာနဲ့ စောင့်နေတာလည်း ဖြစ်နိုင်ပါတယ်။

မက်ဒါနာတို့ သူ့ခန်းဆောင်ထဲ ဝင်လာတာတွေ့တော့ သုန်မှုန်နေတဲ့မျက်နှာက ချက်ချင်းဝင်းလဲ့သွားပြီး သူတို့ဆီကို ပြေးလာတယ်။

"မြေးမလေးတို့ ပြန်လာပြီလား၊ ဘယ်သူမှ ထိခိုက်မသွားဘူးမဟုတ်လား။" နောက်တော့ သူ့မျက်လုံးတွေက ရှားပိုင်ဝေခန္ဓာကိုယ်ထဲ ရောက်နေတဲ့ ဆိုဖီယာဆီ ကျရောက်သွားပြီး ဆောင်ဓားကို ဆွဲထုတ်ဖို့လုပ်တယ်။

"ရှားပိုင်ဝေ... မင်းက ဘယ်လိုလုပ်ပြီး ဒီကိုရောက်နေတာလဲ။" ရှားမိသားစုဟာ တရုတ်နိုင်ငံရဲ့ထိပ်သီးမိသားစုတစ်ခု ဖြစ်တဲ့အတွက်ကြောင့် အရင်လေးပွင့်ဆိုင် စစ်ပွဲမှာတုန်းက ရှားပိုင်ဝေလည်း စစ်မြေပြင်မှာ ဝင်ပါခဲ့ဖူးပါတယ်။

အဲဒီတုန်းကတော့ ရှားပိုင်ဝေက A အဆင့်မှာပဲ ရှိနေသေးပြီး ကီလိုမန်းကို မနိုင်ခဲ့ပါဘူး။ အခုတော့ သူက ကီလိုမန်းထက်ကျော်ပြီး S rankတစ်ယောက် ဖြစ်နေခဲ့ပါပြီ။ တကယ်လို့ ကီလိုမန်းသာ အခုထိအသက်ရှင်
နေရင် ဆုဗာနာမှာ S rankတစ်ယောက် ရှိလာဖို့က အိပ်မက်မဟုတ်တော့ပါဘူး။

မက်ဒါနာကတော့ သူ့အဖိုးအတွေးကို သတိထားမိတဲ့အတွက် နှစ်ယောက်ကြားထဲ ဝင်ရပ်လိုက်ပြီးတော့ ရှင်းပြလိုက်ပါတယ်။

"အဖိုး၊ သမီးရှင်းပြမယ်။ သူက ရှားပိုင်ဝေမဟုတ်တော့ဘူး။ ဆိုဖီယာဖြစ်နေပြီ၊ သူက သူများခန္ဓာကိုယ်တွေထဲ ဝင်နေလို့ရတယ်လေ။"

ဒီတော့မှ နယ်စားကြီးလည်း စိတ်ချသွားပြီးတော့ ဓားကို ပြန်သိမ်းလိုက်တယ်။ နတ်ဘုရားအသံတွေရဲ့ တည်ရှိမှုက သာမန်ပြည်သူတွေကြားမှာ လျှို့ဝှက်ချက်တစ်ခုဆိုပေမဲ့ နိုင်ငံခေါင်းဆောင်တွေအတွက်ကတော့ သိဖို့မခက်လှပါဘူး။ ပြီးတော့ ဆုဗာနာမှာလည်း သတင်းကွန်ယက်တစ်ခုရှိပြီး နိုင်ငံကြီးတွေလောက် မသန်မာပေမဲ့ ​ပြည်တွင်းကို ဝင်လာတဲ့သူတွေရဲ့နောက်ကြောင်းကို စစ်ဆေးဖို့ဆိုတာက သိပ်မခက်လှပါဘူး။

I just Wanna be Hero not HeroineWhere stories live. Discover now