ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V4 Chapter 34 - အသည်းအသန်အသက်လုပွဲငွေရောင်စစ်သည်တော်အတွက်လည်း အခုအချိန်က တကယ့်ကိုအရေးကြီးတဲ့အချိန်လို့ ပြောရမယ်။ မက်ဒါနာဟာ ဝတ်စုံစနစ်က သူ့ကိုပို့ပေးနေတဲ့ အနီရောင် သတိပေးချက်တွေကို လိုက်ဖတ်မနေနိုင်တော့ဘူး။ အစောပိုင်းက ပခုံးကိုလာထိထားတဲ့ဒဏ်ရာကြောင့် သွေးလည်းထွက်နေသေးတယ်။
"စနစ်၊ ဟာရီကိန်းဓားကွက် ထပ်ထုတ်မယ်။"
"သတိပေးချက်၊ စွမ်းအင်လက်ကျန် ၆၅%"
"သုံးသာသုံး..."
ငွေရောင်စစ်သည်တော်က အရိုးမျက်နှာတွေဝိုင်းချုပ်ခံထားရတဲ့ ကြားကနေ ဓားကိုမြှောက်ပြီး ဟာရီကိန်းဓားကွက်ကို ထုတ်သုံးတယ်။ ငွေရောင်စစ်သည်က အရိုးမျက်နှာတွေရဲ့ချုပ်နှောင်မှုကနေ နောက်တစ်ကြိမ်လွတ်လာပြီး ရှေ့ကိုဆက်ပြန်တယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ အရိုးမျက်နှာတွေက သူ့ကိုဝိုင်းလာပြန်လို့ ထပ်သုံးရတယ်။
"၄၁%"
"၁၉%"
"၃%"
နောက်ဆုံးပျံသန်းဖို့အားတောင်မကျန်တော့ဘဲ ဒိုင်မေးရှင်းအခွဲထဲက ကျောက်ဆိုင်တစ်နေရာမှာ ဆင်းလိုက်ရတယ်။ အရိုးမျက်နှာတွေကတော့ သူ့ဆီကို ဆင်းလာနေတုန်းပဲ။ အခြားတစ်ဖက်မှာတော့ စေဘာစတိန်းဟာ အရိုးမျက်နှာတစ်ကောင်ရဲ့ရိုက်ချက်ကြောင့် သခင်ဖြစ်သူရဲ့ချပ်ဝတ်ပေါ်ကနေ ကွာကျသွားပြီး ရေထဲပြုတ်ကျတယ်။ ခွေးကြီးက ရေကူးတက်ပေမဲ့ ချက်ချင်းတော့ ကျောက်ဆောင်ပေါ်တက်ပြီး သခင်ကိုမကူနိုင်သေးဘူး။
"ဒီတိုင်းဆိုရင် ငါတော့လုံးပါးပါးပြီး သေတော့မှာပဲ။"
မက်ဒါနာတစ်ယောက် ပထမဆုံးအနေနဲ့ စိတ်ထဲမှာ ကြောက်စိတ်ဝင်လာမိတယ်။ သူက သူ့ကိုယ်သူ အင်မတန်ရဲရင့်တဲ့ စစ်သည်တော်တစ်ယောက်အဖြစ် ခံယူထားခဲ့တာ ကြာပါပြီ။ ဒါပေမဲ့ ဖိနှိပ်ခံလာရချိန်မှာတော့ သူဟာ ထင်သလောက် မြင့်မြတ်သူမဟုတ်မှန်း စတွေးလာမိပြန်တယ်။
"ငါက ဒီဝတ်စုံမပါရင် ဘာမှမလုပ်တတ်တဲ့ မိန်းကလေးတစ်ယောက်သက်သက်ပဲ။"
YOU ARE READING
I just Wanna be Hero not Heroine
Teen Fiction"ဘုရားသခင် ငါ့ရှေ့ကိုလာခဲ့စမ်းပါ။ ငါမင်းကို နုပ်နုပ်စင်းပစ်ချင်လို့ပါ။ ငါက သိပ်လှတဲ့ ချစ်သူလိုချင်တာဟ။ သိပ်လှတဲ့ ကောင်မလေးဖြစ်ချင်တာမဟုတ်ဘူး။" မင်းလွင်ဟာ အမြဲတမ်း စူပါဟီးရိုးဇာတ်ကားတွေထဲကလို အစွမ်းရှိဟီးရိုးတစ်ယောက် ဖြစ်ချင်သူပေါ့။ ဒါပေမဲ့ စိတ်ကူးက...