V2 Chapter 6

243 44 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V2 Chapter 6 - ဒုက္ခအိုးကြီးရောက်လာပြီ

ဖရာလီတာ ဟိုတယ်အခန်းထဲပြန်ရောက်တော့ ဒေါသဖြစ်ဖြစ်နဲ့ အိပ်ရာပေါ်က ဖက်လုံးကိုကောက်ကိုင်ပြီး မွေ့ရာကိုအားရပါးရထုပ်ပစ်လိုက်တယ်။ အားပါလွန်းလို့ ပိုးသားအစစ်နဲ့လုပ်ထားတဲ့ ဖက်လုံးကြီးပေါက်သွားပြီး အထဲကငှက်မွှေးအစစ်တွေ ဖူးခနဲ လေထဲပြန့်ကုန်တယ်။ စာကလေးငှက်မွှေးတွေမလို့ နှာခေါင်းထဲဝင်ကုန်ပြီး အဆက်မပြတ်နှာချေတော့တာပဲ။

"ဟက်ချိုး... SilverKnightစုတ်... ငါလမ်းပျောက်နေတဲ့အချိန်ကျမှ နင်ရောက်လာရလား။ ဟက်ချိုး.. ကလေးလိုလည်း ငါ့ကိုဆက်ဆံလိုက်သေးတယ်... ဟက်ချိုး... နင့်ကိုနောက်တစ်ခါတွေ့ရင် နာပြီသာမှတ် ဟက်ချိုး...."

ဗြိတိသျှလိုလီလေးလည်း ဒေါသထွက်ထွက်နဲ့ ခေါင်းအုံးတွေကိုပါ ဖျက်ဆီးပစ်လိုက်တယ်။ တစ်ခန်းလုံး ငှက်မွှေးတောင်တွေပွပလူးလို့ရယ်။ ခဏနေတော့ နောက်ကနေ ချောင်းဟန့်သံထွက်လာလေရဲ့။

"အဟမ်းအဟမ်း... ပြိုင်ဖက်​ရှေ့မှာ ရှက်စရာဖြစ်သွားလို့ စိတ်ဆိုးနေတာ နားလည်ပေးနိုင်ပေမဲ့ အဲဒီခေါင်းအုံးနဲ့ဖက်လုံးတွေက ကျွန်တော်မျိုးသုံးလစာလောက်ရှိပါတယ်။ ဟိုတယ်ကို အားနာစရာကောင်းတယ်။"

စိတ်ဆိုးနေတဲ့ ကောင်မလေးလည်း နောက်ကိုလှည့်ကြည့်လိုက်တယ်။ အယ်လိုဟင်ကိုတွေ့တော့ သူ့မျက်နှာကြီးကိုမဲ့ထားပြီး ငိုတော့မယ့်အတိုင်းပဲ။ ဒါကြောင့် ပါးဖောင်း​ဖောင်းလေးပေါ်မှာကပ်နေတဲ့ ငှက်မွှေးတချို့လည်း ​အိပ်ရာပေါ်ပြန်ပြုတ်ကျသွားလေရဲ့။

"နင်က ဘယ်လိုလုပ်ပြီး ငါ့အခန်းထဲရောက်နေတာလဲ။"

တကယ်တော့ အယ်လိုဟင်က လိုလီလေးဘေးခန်းမှာ နေရတာပါ။ ဒါပေမဲ့ ဒီကိုရောက်နေရတာက ကိစ္စတစ်ခုရှိလို့ပါ။

"တကယ်တော့ သခင်မလေးပျောက်သွားတုန်း ဟိုတယ်ကို လန်ဒန်ကနေ ဖုန်းလာတယ်လေ။  မင်းသမီးလီလီယာဆက်တာ၊ သခင်မလေးဖုန်းမကိုင်လို့ တည်းတဲ့ဟိုတယ်ကိုဆက်တာတဲ့။ ကိစ္စက အရေးကြီးလို့ သခင်မလေးပြန်ရောက်နေပြီကြားတာနဲ့ အခန်းထဲဝင်စောင့်နေတာလေ။ ထင်မထားတာက ဧည့်ခန်းထဲမှာရှိ​နေတဲ့ ကျွန်တော့်ကိုကျော်သွားပြီး အိပ်ရာတစ်ခုလုံးကို ဖျက်ဆီးပစ်လိမ့်မယ်ဆိုတာပဲ။"

I just Wanna be Hero not HeroineWhere stories live. Discover now