ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V3 Chapter 39 - မိရိုင်အိမ်ပြေးမလေးဖြစ်ပြန်ပြီဖရန့်ရဲ့ခန္ဓာကိုယ်ကို ရေခဲအလွှာပါးတစ်ချပ်က ဖုံးလွှမ်းထားတယ်။ သူ့အသိစိတ်က ဝေဝါးနေပေမဲ့ ဖြစ်ပျက်နေတာတွေကိုတော့ နားလည်နေပါသေးတယ်။ ဒါပေမဲ့ အဲဒီလိပ်နက်ကြီးကို မြင်ပြီးသွားကတည်းက သူ့ခန္ဓာကိုယ်ကို သူမပိုင်တော့သလိုမျိုး စတင်ခံစားလာရပါပြီ။
"ငါဆင့်ခေါ်ခဲ့မိတာ စွမ်းအားကြီးတဲ့ နတ်ဘုရားတစ်ပါးလား... နတ်ဆိုးတစ်ကောင်လား။"
ဖရန့်စဥ်းစားလိုက်မိတယ်။ ဒီသတ္တဝါကြီးက သူ့ရဲ့မြူတန့်စွမ်းအားကနေ ထွက်ပေါ်လာတာဖြစ်မှန်း သူအာရုံခံမိပါတယ်။ ပြောရရင် လူကန်ပဲဖြစ်ဖြစ် ဖရန့်ပဲဖြစ်ဖြစ် သူတို့ရဲ့မြူတန့်စွမ်းအားတွေက သိပ္ပံနည်းနဲ့ရှင်းပြလို့မရနိုင်အောင် ဆန်းပြားနေပြီးတော့ သိပ်ကိုအားကောင်းကြပါတယ်။ လူတစ်ယောက်ရဲ့လက်ကနေ မီးတောက်ထွက်လာတာကို သိပ္ပံနည်းကျဝတ္တုဆန်ဆန် ရှင်းပြလို့ရပေမဲ့ ဓားကိုးလက်ဖြစ်စေ၊ ဆင့်ခေါ်ခံတွေဖြစ်စေ အဲဒီအတွက်ရှင်းပြစရာသိပ္ပံသီအိုရီတွေမရှိခဲ့ပါဘူး။
သူ့ရဲ့မြင်းပျံကြီးဖြစ်စေ၊ ပန်းသီးလေးဖြစ်စေ သဘာဝလွန်သတ္တဝါတွေဖြစ်ပြီး စွမ်းအားကြီးကြပါတယ်။ ဒါပေမဲ့ အခုလိပ်နက်ကြီးကတော့ အလွန်အကျူးဖြစ်လွန်းလို့ ဧရာမချောက်နက်ကြီးကို ငုံကြည့်နေရသလိုပဲ။
"နတ်ဆိုး... နတ်ဘုရား... ဟားဟား... ငါက အဲဒါတွေထက် သာလွန်တဲ့ရှေးဦးသားရဲတစ်ကောင်ပဲ။ ငါမွေးဖွားလာတုန်းက ဘယ်နတ်ဘုရားမှမရှိသေးဘူး။"
အဲဒီနောက်တော့ ဖရန့်ရဲ့သိစိတ်က လုံးဝအမှောင်အတိကျသွားတယ်။ ဒါပေမဲ့ဖရန့်ရဲ့ရေခဲတွေဖုံးလွှမ်းနေတဲ့ ခန္ဓာကိုယ်ကတော့ ဒီအတိုင်းရပ်နေသေးပြီး သူ့ရှေ့မှာ အဖမ်းခံထားရတဲ့ Dr.soulကို ကြည့်လိုက်တယ်။
"အားနည်းလွန်းတယ်... ငါက ဒီအတွက်ဆင့်ခေါ်ခံလိုက်ရတာလား။"
ရေခဲချပ်ကြီးက ဖရန့်ရဲ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားပေမဲ့ သူ့မျက်လုံးနေရာမှာတော့ အပြာရောင်မီးလျှံက တစ္ဆေတစ်ကောင်ရဲ့ဝိညာဥ်လိိုမျိုး တောက်ပနေတယ်။ လူကန့်ပုံစံနဲ့ရှိနေတဲ့ Dr.soulလည်း အဲဒီအကြည့်နဲ့ ရင်ဆိုင်ရတဲ့အခါမှာတော့ အသက်ရှူကျပ်သွားခဲ့ပါပြီ။
YOU ARE READING
I just Wanna be Hero not Heroine
Teen Fiction"ဘုရားသခင် ငါ့ရှေ့ကိုလာခဲ့စမ်းပါ။ ငါမင်းကို နုပ်နုပ်စင်းပစ်ချင်လို့ပါ။ ငါက သိပ်လှတဲ့ ချစ်သူလိုချင်တာဟ။ သိပ်လှတဲ့ ကောင်မလေးဖြစ်ချင်တာမဟုတ်ဘူး။" မင်းလွင်ဟာ အမြဲတမ်း စူပါဟီးရိုးဇာတ်ကားတွေထဲကလို အစွမ်းရှိဟီးရိုးတစ်ယောက် ဖြစ်ချင်သူပေါ့။ ဒါပေမဲ့ စိတ်ကူးက...