ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V4 Chapter 29 - Rubik's Cubeငွေရောင်စစ်သည်တော်ဟာ ရာနဲ့ချီတဲ့အရိုးမျက်နှာတွေဆီကနေ ထွက်ပြေးနေကြတယ်။ အထဲမှာရှိနေတဲ့ မက်ဒါနာတစ်ကိုယ်လုံးလည်း ချွေးတွေနဲ့စိုရွဲနေပြီ။ ဒါတောင်မှ ဝတ်စုံမှာ အအေးပေးစနစ်ပါလို့ပါ။ မဟုတ်ရင် ချွေးထွက်လွန်ပြီး သေနေလောက်ပြီ။
"သေစမ်း... သူတို့က ဘာလို့ဒီလောက်တောင်များနေရတာလဲ။ မကုန်နိုင်တော့ဘူးလား။"
ငွေရောင်စစ်သည်က ဓားကိုလက်တစ်ဖက်နဲ့ကိုင်ရင်းအလင်းဒြပ်စင်တောင်ပံတွေရဲ့စွမ်းအားကို စုစည်းပြီးပြန်တိုက်ခိုက်တယ်။ ဒါပေမဲ့ အရိုးမျက်နှာအုပ်လိုက်ကြီးက သူ့အနားမှာစုဝေးလာပြီး တဖြည်းဖြည်းနီးလာနေပါပြီ။
"ဂါး...." ရုတ်တရက် အရိုးမျက်နှာတစ်ကောင်က ငွေရောင်စစ်သည်ရဲ့ခံစစ်ကို ကျော်လာပြီး မျက်နှာကိုလှမ်းကုတ်တယ်။ မက်ဒါနာက မြေဆွဲအားဓားနဲ့ရိုက်ချလိုက်ပေမဲ့ ကိုယ်အောက်ပိုင်းသာပြတ်ကျသွားပြီး ကျန်တဲ့အပေါ်ပိုင်းက ငွေရောင်စစ်သည်ရဲ့ခြေတစ်ချောင်းကို တင််းတင်းဆွဲထားတာကြောင့် ပြုတ်ကျမသွားဘူး။
"ရွံစရာကောင်းလိုက်တာ..." မက်ဒါနာက ပြောလိုက်ရင်း သူ့လက်က ဆုံလည်သေနတ်နဲ့ အရိုးမျက်နှာရဲ့ခေါင်းကို ဆက်တိုက်ပစ်ချလိုက်တယ်။ ပေါက်ကွဲကျည်ဆန်တွေနဲ့တောင် အရိုးမျက်နှာတစ်ကောင်ရဲ့ခေါင်း လုံးဝပျက်စီးသွားဖို့အတွက် အချိန်အတော်ယူလိုက်ရတယ်။
မက်ဒါနာတို့အတွက် အရိုးမျက်နှာတွေက အားနည်းတဲ့ပြိုင်ဖက် ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ သာမန်ဟီးရိုးတွေအဖို့ ခက်ခဲမှာသေချာတယ်။
နောက်ထပ် စက္ကန့်အနည်းငယ်လောက်အထိ တိုက်ခိုက်ပြီးတဲ့နောက်တော့ ခံစစ်ကိုဖောက်ထွက်ပြီး သူ့ခန္ဓာကိုယ်ကိုထိနိုင်တဲ့ အရိုးမျက်နှာတွေက များသည်ထက်များလာတယ်။
"တအားလေးလွန်းတယ်..."
မက်ဒါနာ သတိထားမိချိန်မှာတော့ အရိုးမျက်နှာတစ်ဒါဇင်လောက်က သူ့ကိုယ်ကိုဖက်တွယ်ထားပြီဖြစ်ပြီးအလင်းဒြပ်စင်အတောင်က အလေးချိန်ကို တောင့်မခံနိုင်တော့တာကြောင့် အောက်ကိုဆက်တိုက်ပြုတ်ကျနေပါပြီ။
YOU ARE READING
I just Wanna be Hero not Heroine
Teen Fiction"ဘုရားသခင် ငါ့ရှေ့ကိုလာခဲ့စမ်းပါ။ ငါမင်းကို နုပ်နုပ်စင်းပစ်ချင်လို့ပါ။ ငါက သိပ်လှတဲ့ ချစ်သူလိုချင်တာဟ။ သိပ်လှတဲ့ ကောင်မလေးဖြစ်ချင်တာမဟုတ်ဘူး။" မင်းလွင်ဟာ အမြဲတမ်း စူပါဟီးရိုးဇာတ်ကားတွေထဲကလို အစွမ်းရှိဟီးရိုးတစ်ယောက် ဖြစ်ချင်သူပေါ့။ ဒါပေမဲ့ စိတ်ကူးက...