ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V2 Chapter 33 - မင်းသမီးလေးလို့ ကိုယ့်ကိုယ်ကိုယ် ထင်လာမိပြီဆုဗာနာရဲ့တစ်နေရာမှာတော့ နွယ်ပင်တွေက ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းထားပါတယ်။ အတွင်းပိုင်းမှာတော့ မျက်လုံးစိမ်းတွေရှိတဲ့ ဂျာမန်အမျိုးသမီးက သူ့အနားကိုကပ်လာနေတဲ့ နွယ်ပင်တွေကို ဆန့်ကျင်တိုက်ခိုက်နေပါတယ်။ ဒါပေမဲ့ သူတိုက်ခိုက်နေရတဲ့ရန်သူက တစ်ယောက်တည်းမဟုတ်တော့ဘူး။
ကုချင်းနတ်သမီးဟာ ကြမ်းပြင်တစ်နေရာမှာထိုင်ပြီး ကုချင်းကိုအားကုန်တီးခတ်နေတယ်။ တေးဂီတလှိုင်းတွေဟာ နွယ်ပင်တွေကို အားဖြည့်ပေးသလိုဖြစ်နေပြီး ယင်စားနွယ်ပင်တွေဟာ စည်းချက်နဲ့အညီကခုန်နေတယ်။
အသံလှိုင်းဟာ အပင်တွေကိုကြီးထွားပုံပေါ်စေရာမှာ အများကြီးအကူအညီဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကုချင်းနတ်သမီး ရှားပိုင်ဝေနဲ့အပင်မြူတန့်ဗီးနပ်စ်တို့က နှစ်ယောက်ပေါင်းလိုက်ချိန်မှာ အံ့ဩစရာကောင်းလောက်အောင် အစွမ်းထက်သွားတယ်။
ရုတ်တရက်ဆိုသလိုပဲ ဝံပုလွေနှလုံးသားနဲ့တိုက်ခိုက်နေတဲ့ ဆိုဖီယာက သူ့အင်အားတွေအားလုံး ပျောက်ကွယ်သွားသလို ခံစားလိုက်ရတယ်။ သူ့ခန္ဓာကိုယ်က အကန့်အသတ်ကို ရောက်နှင့်ပြီးနေပါပြီ။ အခုကတော့ တကယ်ပျက်စီးရမယ့်အချိနိရောက်လာတာပါ။ ဂျာမန်မိန်းကလေးရဲ့ခန္ဓာကိုယ်က လေပေါ်မှာဝဲမနေနိုင်တော့ဘဲ အားအင်ကင်းမဲ့စွာနဲ့ မြေပေါ်ကို ပြုတ်ကျလာတယ်။ သေဆုံးခြင်းအငွေ့အသက်တွေလည်း ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်ကနေ ထွက်ခွာသွားတယ်။
ဒါက ယာမီထည့်ပေးထားတဲ့ သေဆုံးခြင်းစွမ်းအားတွေဖြစ်ပြီး ဆိုဖီယာရဲ့ဂျာမန်သူခန္ဓာကိုယ် သက်ဝင်လှုပ်ရှားစေတဲ့ နောက်အကြောင်းပြချက်တစ်ခုပါ။ အခုတော့ အကျိုးသက်ရောက်မှုကုန်ဆုံးသွားပုံပဲ။
"သူသေသွားပြီလား...." ရှားပိုင်ဝေက ကုချင်းတီးနေတာကို ခဏရပ်လိုက်ပြီး မေးလိုက်တယ်။ ဗီးနပ်စ်ကလည်း ပြောလိုက်ပါတယ်။
"ခန္ဓာကိုယ်ကတော့ ပျက်စီးသွားပြီ။ ဒါပေမဲ့ သူ့စိတ်ဝိညာဥ်ကို ပျက်စီးအောင်လုပ်နိုင်မယ့်နည်းလမ်း ငါတို့မှာမရှိဘူး။ နတ်ဘုရားအသံဆိုတဲ့ဂြိုဟ်သားတွေက သတ်ရသိပ်ခက်တယ်။"
YOU ARE READING
I just Wanna be Hero not Heroine
Teen Fiction"ဘုရားသခင် ငါ့ရှေ့ကိုလာခဲ့စမ်းပါ။ ငါမင်းကို နုပ်နုပ်စင်းပစ်ချင်လို့ပါ။ ငါက သိပ်လှတဲ့ ချစ်သူလိုချင်တာဟ။ သိပ်လှတဲ့ ကောင်မလေးဖြစ်ချင်တာမဟုတ်ဘူး။" မင်းလွင်ဟာ အမြဲတမ်း စူပါဟီးရိုးဇာတ်ကားတွေထဲကလို အစွမ်းရှိဟီးရိုးတစ်ယောက် ဖြစ်ချင်သူပေါ့။ ဒါပေမဲ့ စိတ်ကူးက...