Chapter 23

313 34 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
Chapter 23- ဒီပရက်ရှင်ဖားလေး

မက်ဒါနာအတွက်တော့ သူ့ရှေ့ကမြင်ကွင်းက သိပ်ကိုအထူးအဆန်းဖြစ်နေတယ်။

လူတစ်ရပ်လောက်ရှိတဲ့ ဖားကြီးတစ်ကောင် ကျောင်းဝင်းထဲက အလှလုပ်ထားတဲ့ ရေကန်နားမှာ ထိုင်နေတာပါ။ ဖားပြုတ်အမျိုးအစားဖြစ်ပုံရပြီးတော့ ကျောကုန်းမှာ အဆိပ်ရှိပုံရတဲ့ ရွံစရာဘုတွေအများကြီးရှိတယ်။ ဖားပြုတ်ကြီးရဲ့ပါးစပ်က ဖောင်းလိုက်ပိန်လိုက်ဖြစ်နေပြီး

"အုံ...အုံ"နဲ့အသံထွက်နေတယ်။ ဖားကြီးက အသည်းပုံရေကန်ထဲက အနီရောင်ကြာပန်းတွေကို စိုက်ကြည့်နေတာပါ။ ဒါပေမဲ့ ဖားက စိတ်ဓာတ်ကျနေပုံပေါ်ပြီး အကြောင်းအရင်းကိုတော့ မသိရဘူး။ ကြည့်ရတာ သူ့ခန္ဓာကိုယ်ကြီးကြီးလို့ ကြာရွက်ပေါ်ထိုင်မရဖြစ်နေလို့ စိတ်ညစ်နေပုံပဲ။

"မြူ...မြူ...မြူတန့်မွန်းစတားကြီးက ဘာလို့ကျောင်းဝင်းထဲရောက်နေတာလဲ။" မက်ဒါနာစဥ်းစားမိသလောက် ဒီဖားက မြူတန့်လူသားတစ်ယောက် မဖြစ်နိုင်လောက်ဘူး။ အသွင်ပြောင်းမြူတန့်အမျိုးအစားဆိုတာက ကမ္ဘာပေါ်မှာအင်မတန်ရှားပြီး မြူတန့်တစ်ထောင်မှတစ်ယောက် တွေ့ဖို့ရှားပါတယ်။ ပြီးတော့ အသွင်ပြောင်းမြူတန့်အများစုက အသွင်ပြောင်းလိုက်ရင်တောင် လူသားနဲ့သဏ္ဍာန်တူတဲ့ ပုံစံမျိုးရှိပါတယ်။ အခုဖားကတော့ တကယ့်ဖားကြီးအတိုင်းပဲဥစ္စာ။

"ဧကန္တ... စမ်းသပ်ခန်းထဲကလွတ်လာတဲ့ ဧရာမဖားကြီးများလား... ဒါဆိုကျောင်းသားတွေအတွက် အန္တရာယ်ရှိတယ်နော်။"

မြူတန့်မွန်းစတားဆိုတာ​က ဥက္ကာပျံအပိုင်းအစတွေကြောင့် အသွင်ပြောင်းသွားတဲ့ သာမန်တိရစ္ဆာန်တွေကိုပြောတာပါ။ အတော်လေးရှားပေမဲ့ မရှိတာတော့မဟုတ်ဘူး။ အထူးသဖြင့်တောနက်ဒေသတွေမှာ တွေ့ရတတ်ပါတယ်။ သူတို့ဆုဗာနာမှာတောင် အဲဒီလိုအကောင်တွေရှိသေးတယ်။ မက်ဒါနာလည်း ဒီဖားကြီးကို အမေဇုန်တောထဲက ဖမ်းလာပြီး မတော်တဆလွတ်လာတဲ့ ဖားပြုတ်ကြီးလို့ယူဆလိုက်ပါပြီ။

"ကျောင်းသားတွေ အန္တရာယ်မဖြစ်အောင် ငါကူညီပေးမှဖြစ်မယ်။"

I just Wanna be Hero not HeroineWhere stories live. Discover now