V4 Chapter 12

88 14 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V4 Chapter 12 - ဟန်ဆောင်တာမူပို

ကြေးစားစစ်တပ်ရဲ့ထိပ်သီးအဖွဲ့ဝင်အစစ်တွေနဲ့အတုတွေက တစ်ယောက်ကိုတစ်​ယောက် သတ်ကြဖြတ်ကြတော့မယ့်ရုပ်တွေနဲ့ မျက်နှာချင်းဆိုင်ပြီးကြည့်နေကြတယ်။

အခုဆိုရင် စာရေးဆရာတောင်မှ ဘယ်သူက အစစ်လဲ၊ ဘယ်သူက အတုလည်းမသိတော့ဘူး။

လော့ဒ်မာရှယ်နဲ့လော့ဒ်မာရှယ်နဲ့က တစ်ယောက်နဲ့တစ်ယောက် ရန်စောင်ကြည့်နေရုံတင် အားမရတော့လို့ လက်ဝါးချင်းတွန်းပြီး အားပြိုင်နေကြသေး။

"ဘယ်ကမှန်းမသိတဲ့ကောင်၊ မင်းကများ ငါ့အယောင်ဆောင်ရဲတယ်။ တွေ့ကြသေးတာပေါ့။"

"သူခိုးက လူပြန်ဟစ်တယ်ပေါ့။ ဟေး... ဘယ်ကမှန်းမသိတဲ့ကောင်၊ ငါကမှ အစစ်ကွ။"

စစ်ပွဲနှင်းဆီနဲ့စစ်ပွဲနှင်းဆီကတော့ တစ်ယောက်နဲ့တစ်ယောက် ခါးထောက်ပြီးကြည့်နေကြရင်း အချိန်မရွေး တစ်ယောက်နဲ့တစ်ယောက် ထသတ်ကြတော့မယ့် အနေအထားမှာရှိနေကြတယ်။ ဒါပေမဲ့ နှစ်ဦးလုံးက ဂုဏ်သရေရှိတဲ့ အဖွဲ့ခေါင်းဆောင်တွေဆိုတော့ အမူအရာမပျက်အောင် သိက္ခါဆယ်နိုင်ကြသေးတယ်။

"ဟဲ့၊ ပြားချပ်ချပ်ကောင်မ။ ငါလိုင်းပေါ်မတက်ဖြစ်တာ နှစ်ရက်လောက်ပဲရှိသေးတာကို နင်က ငါ့အဗာတာကို ယူသုံးရဲတယ်ပေါ့။"

"စကားကိုကြည့်ပြော၊ ဘယ်သူက ပြားချပ်ချပ်လဲ။ ပျဥ်ပြားအဝတ်ပတ်ကောင်မရဲ့၊ နင်ကမှ ငါလိုင်းပေါ်မရှိတုန်း ငါ့အဗာတာကို မူပိုင်ခွင့်ခိုးပြီး ယူသုံးနေတာမဟုတ်လား။"

ဂွမ်နဲ့ဂွမ်ကတော့ တစ်ယောက်နဲ့တစ်ယောက် ရန်မစောင်ဘဲ အေးအေးဆေးဆေး တစ်ဖက်နဲ့တစ်ဖက် အနူးအညွှတ်တောင်းဆိုနေကြတယ်။ သူတို့နှစ်ယောက်က မသိရင် စေတနာမေတ္တာရှင်ကြီးတွေလိုလို ဘာလိုလို။

"ကျေးဇူးပြုပြီး ကျွန်မအဗာတာကို ယူမသုံးပါနဲ့တော့၊ တအားရှက်ဖို့ကောင်းတယ်။"

"တောင်းဆိုပါတယ်၊ ကျွန်မအဗာတာအစား တခြားတစ်ယောက်ရဲ့အဗာတာကို ပြောင်းသုံးပေးပါလား။"

I just Wanna be Hero not HeroineWhere stories live. Discover now