ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
Chapter 26- အယ်လိုဟင်ရဲ့ပစ်မှတ်တရားရုံးကြားနာခန်းထဲမှာ လူစုံနေပါပြီ။
ဂျူဒီလေးယောက်နဲ့ တရားသူကြီးတစ်ယောက်က အားလုံးရဲ့အပေါ်စီးမှာ ရှိနေကြပါတယ်။ ဂျူဒီတွေက အမှုရဲ့အသွားအလာကို နားထောင်ပြီးတော့ တရားသူကြီးကို ဒီအမှုမျှတတယ် မမျှတဘူး အကြံပေးတဲ့ ဂုဏ်သရေရှိပုဂ္ဂိုလ်တွေပါ။ ဆုံးဖြတ်ချက်တွေအတွက် မဲပေးပိုင်ခွင့်လည်း ရှိကြပါသေးတယ်။တရားခံတွေရဲ့နေရာမှာတော့ အိုက်ဇာဝါဟာ စားပွဲကိုခြေတင်ပြီး ထိုင်နေပါတယ်။ သူ့ဘေးမှာတော့ ရှေ့နေဖြစ်ပုံပေါ်တဲ့ အသက်ကြီးကြီးလူကြီးတစ်ယောက် ရှိနေပါတယ်။
တရားလိုဖက်မှာတော့ မက်ဒါနာနဲ့လေဒီဘတ်တာဖလိုင်းသာ ရှိနေပြီးတော့ ရှေ့နေ့ရယ်လို့ တစ်ဦးမှရှိမနေပါဘူး။ သူတို့မငှားခဲ့တာမဟုတ်ဘဲ၊ ငှားမရခဲ့တာပါ။ ဆာကူရာအုပ်စုကို တရားစွဲမယ်ဆိုတာနဲ့ ရှေ့နေတွေအားလုံး ရှောင်ဖယ်သွားကြတာပါပဲ။ ဒီတော့ သူတို့ကိုယ်တိုင် တရားရုံးကိုအမှုလျှောက်ရမယ့်ပုံစံ ဖြစ်နေပါပြီ။
ပရိသတ်တွေအတွက် လုပ်ပေးထားတဲ့ ထိုင်ခုံမှာရှိနေတဲ့ လင်ဒါကတော့ သူတို့ကိုကြည့်လိုက်ပြီး ခေါင်းခါယမ်းလိုက်ပါတယ်။ သူက ရဲအရာရှိတစ်ယောက်ပေမဲ့ ဖက်ဒရယ်စီရင်စု တရားရုံးမှာတော့ ကူညီပေးနိုင်တာ များများစားစားမရှိပါဘူး။
ပြီးတော့ ဂျူဒီလေးယောက်ထဲက တစ်ယောက်ကလည်း မက်ဒါနာအမြင်မကြည်တဲ့ ဟိုဟီးရိုးအစည်းအရုံးပြောခွင့်ရ လေဆာအိုင်းဖြစ်နေပါသေးတယ်။
"ရုံးချိန်းစမယ်၊ ယခုအမှုမှာ ဆာကူရာ ကော်ပိုရေးရှင်း၊ အမေရိကန်နိုင်ငံဆိုင်ရာ ဒေသမန်နေဂျာချုပ်နှင့်လုပ်ငန်းအပေါ် တရားမမှုများရှိသည်ဟု ဟီးရိုးSilver kinghtနှင့် ဟီးရိုးလေဒီဘတ်တာဖလိုင်းတို့မှ တိုင်ကြားလာသော အမှုဖြစ်တယ်။ တရားလိုများဖက်က ကိုယ်တိုင်လျှောက်ထားမည်ဖြစ်ပြီး တရားခံများဖက်မှ ဂရင်းဝေါဥပဒေအကျိုးဆောင်လုပ်ငန်းမှ ရှေ့နေ မက်သရူး ဂျိုဒင်ဖြစ်တယ်။
တရားသူကြီးအဖြစ် ကျွန်ုပ် ဝေါ်ကာလ် မေဆင်က ဆောင်ရွက်မှာဖြစ်တယ်။ ဂျူဒီလူကြီးမင်းများအဖြစ် ဟီးရိုးလေဆာအိုင်း၊ ဂျင်မီ ဂျုန်း၊ အာသာ ဟန့်ခ်နဲ့ ကားလ် ဂရေဟမ်တို့က ဆောင်ရွက်မှာဖြစ်တယ်။"
YOU ARE READING
I just Wanna be Hero not Heroine
Teen Fiction"ဘုရားသခင် ငါ့ရှေ့ကိုလာခဲ့စမ်းပါ။ ငါမင်းကို နုပ်နုပ်စင်းပစ်ချင်လို့ပါ။ ငါက သိပ်လှတဲ့ ချစ်သူလိုချင်တာဟ။ သိပ်လှတဲ့ ကောင်မလေးဖြစ်ချင်တာမဟုတ်ဘူး။" မင်းလွင်ဟာ အမြဲတမ်း စူပါဟီးရိုးဇာတ်ကားတွေထဲကလို အစွမ်းရှိဟီးရိုးတစ်ယောက် ဖြစ်ချင်သူပေါ့။ ဒါပေမဲ့ စိတ်ကူးက...