V2 Chapter 9

247 39 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V2 Chapter 9 - သလင်းကျောက်များ၏ သဲလွန်စ

"ဟေ့ကောင်တင်မီ၊ မင်းတစ်သက်လုံး ဒီလိုပဲနေသွားတော့မှာလား။" တင်မီရဲ့ဦးလေး ရစ်ချက် ဒီဂိုရီက ​ဗီလာအိမ်ရှေ့က မြက်ခင်းပြင်ပေါ်မှာရှိနေတဲ့ တင်မီကို လှမ်းအော်ပြောလိုက်တယ်။ တင်မီက သူ့ဦးလေးစကားကို မကြားချင်ယောင်ဆောင်ပြီး လက်ထဲက တုတ်ချောင်းလေးနဲ့ မြက်ခင်းပေါ်က ပုရွက်ဆိတ်အသိုက်ကို ဆွနေတယ်။ ​ပုရွက်ဆိတ်အနက်ရောင်လေးတွေကတော့ ကျူးကျော်လာတဲ့ ဧရာမလူသားကြီးကြောင့် အလန့်တကြားပြေးနေကြလေရဲ့။

အခုတင်မီရဲ့ပုံစံက မက်ဒါနာမှတ်မိနေတဲ့ ပုံစံမျိုးမဟုတ်ဘူး။ ဆယ်​ညဆက်မအိပ်ရသေးတဲ့ရုပ်နဲ့ မျက်တွင်းတွေချောင်ကျနေတယ်။ သူ့ကြည့်ရင် ဆေးသမားလိုလို ဒီပရက်ရှင်ဝင်ပြီး သတ်သေဖို့စဥ်းစားနေတဲ့ ဖားလေးလိုလို။

"အပြင်လောကကြီးက ကြောက်စရာကြီး၊ ဟိုမိုတွေနဲ့ပြည့်နေတာ။"

တင်မီက ဦးလေးဖြစ်သူကို ခေါင်းလှည့်ကြည့်လိုက်တယ်။ သူ့မျက်နှာကြီးက မချိုမချဥ်နဲ့ပါ၊ ပြီးတော့ မျက်ရည်တွေနှပ်ချေးတွေကလည်း တွဲလွဲခိုလို့ရယ်။ နာမည်ကျော် မော်ဒယ်မင်းသားရုပ်ကို မပေါက်တော့တာ။

"ငါ့တူရယ်၊ အရင်လို ပါတီလေးဘာလေးတက်၊ ကောင်မလေးတွေနဲ့တွဲပြီး အိမ်ကိုတစ်ယောက်လောက် ခေါ်လာစမ်းပါ။ ဦးလေးဘာမှမပြောတော့ပါဘူး။"

ဦးလေးရစ်ချက်က စိတ်ညစ်ညစ်နဲ့ပြောလိုက်တယ်။ အရင်က တင်မီတစ်ယောက် ငမူးကောင်၊ သူဌေးသား၊ လူ့ပေါ်ကျော့လုပ်နေတာကို သူသဘောမကျပေမဲ့ အခုလိုမျိုး ဒီပရက်ရှင်ကောင်ဆိုးလေးဖြစ်နေတာကိုတော့ မလိုချင်ပါဘူး။ ဒါကြောင့် မြှောက်ပေးနေပေမဲ့ ထူးခြားမလာတော့ဘူး။ တင်မီကတော့ သူ့ကိုမျက်နှာလွှဲပြီး ပုရွက်ဆိတ်တွေကိုပဲ ဆက်နှိပ်စက်နေတယ်။

"မသွားဘူး၊ ကျွန်တော့်ကို ဗလတောင့်တောင့်ဦးလေးကြီးတွေက ဝိုင်းအမဲဖျက်လိမ့်မယ်။"

တကယ်တော့ ခုရက်ပိုင်း တင်မီဘယ်မှမသွားဘဲ အိမ်တွင်းအောင်းနေတာ တော်တော်ကြာပြီ။ အဓိကအကြောင်းအရင်းက အရင်တစ်လကျော်လောက်က ဖြစ်ခဲ့တဲ့ အချိုရည်ကပ်ဆိုးကြီးကြောင့်ပါ။ စွမ်းအားရှိသူတွေကို ပိုအစွမ်းထက်စေတဲ့ Mad doctorရဲ့ဖာရာဒေးဆေးစွမ်းကြောင့် ဒုက္ခရောက်သူတွေထဲမှာ တင်မီလည်းပါတယ်။

I just Wanna be Hero not HeroineWhere stories live. Discover now