ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
Chapter 15 - အသံမြန်နှုန်းကို ချိုးဖောက်ခြင်းယာမာဂုချီမိသားစုရဲ့အဖိုးကြီးက အားနည်းတဲ့သူတော့မဟုတ်ပါဘူး။ ဂျပန်ရဲ့ပထမမျိုးဆက် S rank ဟီးရိုးတစ်ယောက်ဖြစ်ပြီး The Great 47 အဖွဲ့ဝင် အိခဲဒပါ။ ဟီးရိုးနာမည်ကတော့ Flying Sword Saint။
ဒါပေမဲ့ ကိုင်းတိုဟီးရိုးဖြစ်လာချိန်မှာတော့ သူက အနားယူသွားခဲ့ပြီး ငယ်ရွယ်လွန်းတဲ့ ဥစာကီကို ဟီးရိုးတစ်ယောက်အနေနဲ့ ပျိုးထောင်ပေးခဲ့တယ်။
အခုတော့ မျိုးဆက်ဟောင်းဟီးရိုးကြီးက သူ့မိသားစု အစော်ကားခံနေရတဲ့ရန်ကနေ ကာကွယ်ပေးဖို့ ထွက်ပေါ်လာခဲ့ပါပြီ။
"တောင်ဖြိုဓားသိုင်း၊ အဆက်မပြတ်တိုက်လေ။"
အိခဲဒရဲ့ခန္ဓာကိုယ်က ချက်ချင်းပျောက်ကွယ်သွားပြီး ကိုင်းတိုဘေးမှာပေါ်လာတယ်။ ကိုင်းတိုကလည်း သူ့ခန္ဓာကိုယ်ကို အသာလေးလှည့်ပြောင်းပြီး ဓားကိုရှောင်တယ်။ ဒါပေမဲ့ အိခဲဒက လေထုထဲမှာတင် အဆက်မပြတ်နေရာပြောင်းလဲနေပြီး သူ့ကိုအရပ်မျက်နှာပေါင်းစုံကနေ ဆက်တိုက်တိုက်စစ်ဆင်နေတာပါ။
"ဟမ်... အသံရဲ့မြန်နှုန်းကိုကျော်ပြီး ငါ့ကိုဓားနဲ့ခုတ်ချင်တာလား။ နှေးသေးတယ်။"
ကိုင်းတိုရဲ့ခန္ဓာကိုယ်လှုပ်ရှားမှုတွေကလည်း ရုတ်ချည်းဆိုသလို အသံရဲ့မြန်နှုန်းကို ချက်ချင်းချိုးဖောက်သွားတယ်။ ဒါကြောင့် အိခဲဒလည်း မျက်လုံးပြူးသွားခဲ့ပါပြီ။
"ဒီကောင်... သူ့မှာတကယ်ပဲ အားနည်းချက်မရှိတာလား။"
အိခဲဒက သူ့ဓားကို လက်နှစ်ဖက်နဲ့ကိုင်လိုက်ပြီး အရှိန်နှုန်းကို ပိုမြှင့်လိုက်တယ်။ ဒါကြောင့် လေထုပါပေါက်ကွဲထွက်သွားပြီး အခန်းထဲမှာရှိနေတဲ့ ပစ္စည်းနဲ့လူတွေပါ လွင့်ပျံထွက်ကုန်တယ်။
အဆက်မပြတ်တိုက်လေဟာ စစ်စစ်မှာတော့ အင်မတန်လျင်မြန်တဲ့နှုန်းနဲ့လှုပ်ရှားပြီး သာမန်ဓားကွက်တွေကို ထုတ်ဖော်နေရုံပါပဲ။ ဒါပေမဲ့ ဓားချက်တိုင်းက အသံနှုန်းထက်ကျော်နေတော့ အကြိမ်တိုင်းမှာ လေထုဟာဖောက်ခွဲခံနေရပြီး ဂျက်အင်ဂျက်တစ်ခုကို မြေပြင်ပေါ်မှာအားကုန်ဖွင့်ထားသလိုမျိုး သက်ရောက်နေတယ်။
YOU ARE READING
I just Wanna be Hero not Heroine
Teen Fiction"ဘုရားသခင် ငါ့ရှေ့ကိုလာခဲ့စမ်းပါ။ ငါမင်းကို နုပ်နုပ်စင်းပစ်ချင်လို့ပါ။ ငါက သိပ်လှတဲ့ ချစ်သူလိုချင်တာဟ။ သိပ်လှတဲ့ ကောင်မလေးဖြစ်ချင်တာမဟုတ်ဘူး။" မင်းလွင်ဟာ အမြဲတမ်း စူပါဟီးရိုးဇာတ်ကားတွေထဲကလို အစွမ်းရှိဟီးရိုးတစ်ယောက် ဖြစ်ချင်သူပေါ့။ ဒါပေမဲ့ စိတ်ကူးက...