ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V4 Chapter 15 - ကမ္ဘာကြီးဆူပွက်လာခြင်းမက်ဒါနာတို့အုပ်စု ဥရောပသွားဖို့ပြင်ဆင်နေချိန်မှာတော့ နာဂါနိုမှာ တိုကျိုဟီးရိုးအစည်းအရုံးနဲ့ အမေရိကန် မြူတန့်ဌာနစိတ်တို့ဟာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ မျက်နှာမူတပ်ချထားပါတယ်။ အခုအခြေအနေက အချိန်မရွေးစစ်ဖြစ်နိုင်တဲ့ အခြေအနေမှာပါ။
တိုကျိုဟီးရိုးအစည်းအရုံးက သူ့ဘာသာ အေးအေးချမ်းချမ်းနေပြီး လူထုကိုအန္တရာယ်မပြုသေးတဲ့ မြူတန့်သားရဲတစ်ကောင်ကို ကိုယ်တိုင်တိုက်ခိုက်လိုခြင်းမရှိသလို အမေရိကန်လေတပ်က တိုက်ခိုက်လိုက်မှ အနီးအနားမြို့တွေအပေါ် အန္တရာယ်ကျလာနိုင်တယ်ဆိုပြီး ကန့်ကွက်ထားပါတယ်။ ဒုတိယကန့်ကွက်မှုတစ်ခုကတော့ နာဂါနိုက ဂျပန်ပိုင်နက်ဖြစ်ပြီး အမေရိကန်ပိုင်နက်မဟုတ်တာကြောင့် နှစ်နိုင်ငံက မဟာမိတ်ဖြစ်နေရင်တောင် ခွင်ပြုချက်မရှိဘဲ ဂျပန်မြေမှာ စစ်ဆင်ရေးလုပ်ခွင့်မရှိဘူးဆိုတဲ့အချက်ပါ။
ဒါပေမဲ့ ဒုတိယကန့်ကွက်မှုက နာရီအနည်းငယ်အတွင်းမှာပဲ အကျုံးမဝင်တော့ဘူးဖြစ်သွားတယ်။ အကြောင်းကတော့ ကာကွယ်ရေးဝန်ကြီးရုံးက လွှတ်တော်အမတ်တစ်ဝက်လောက် ကန့်ကွက်နေတဲ့ကြားကကို ခွင့်ပြုချက်ချပေးလိုက်လို့ပါ။
လွှတ်တော်ခွင့်ပြုချက်မပါတဲ့ ဒီခွင့်ပြုမိန့်ဟာ တရားဝင်ဟုတ်မဟုတ် ငြင်းခုန်ကန့်ကွက်နေကြပေမဲ့ သူတို့ငြင်းခုန်လို့မပြီးသေးခင်မှာ အမေရိကန်ဗုံးတွေက နာဂါနိုတောင်ပေါ်ကို ကျရောက်ပြီးနေလောက်ပါပြီ။
ဆိုရှယ်မီဒီယာပေါ်မှာလည်း ဒီကိစ္စက တော်တော်ဆိုးဝါးတဲ့ Trendတစ်ခုဖြစ်လာစေခဲ့ပါတယ်။ မြူတန့်နဲ့သာမန်လူသားတွေက တိုကျိုအဖြစ်အပျက်အပြီးမှာ အတော်လေးအစေးမကပ်ခဲ့ကြပေမဲ့ ဒီကိစ္စအပေါ်မှာတော့ တူညီတဲ့အမြင်ရှိကြပါတယ်။
ဘယ်သူမှ ဟီရိုရှီးမားနဲ့နာဂါဆာကီလိုအဖြစ်မျိုး ၂၁ ရာစုမှာ ထပ်မဖြစ်ချင်ကြပါဘူး။
နာဂါနို ရှေ့တန်းစစ်မျက်နှာမှာတော့ ဥစာကီက ရွက်ဖျင်တဲတစ်ခုတည်းမှာ ဖွဲ့စည်းထားတဲ့ ယာယီရုံးခန်းမှာထိုင်နေပြီး ပြည်သူတွေကိုရွေ့ပြောင်းဖို့ကူညီပေးနေတဲ့ အပြင်ဖက်က ဟီးရိုးတွေနဲ့ရဲတွေကို ငေးကြည့်နေမိတယ်။
YOU ARE READING
I just Wanna be Hero not Heroine
Teen Fiction"ဘုရားသခင် ငါ့ရှေ့ကိုလာခဲ့စမ်းပါ။ ငါမင်းကို နုပ်နုပ်စင်းပစ်ချင်လို့ပါ။ ငါက သိပ်လှတဲ့ ချစ်သူလိုချင်တာဟ။ သိပ်လှတဲ့ ကောင်မလေးဖြစ်ချင်တာမဟုတ်ဘူး။" မင်းလွင်ဟာ အမြဲတမ်း စူပါဟီးရိုးဇာတ်ကားတွေထဲကလို အစွမ်းရှိဟီးရိုးတစ်ယောက် ဖြစ်ချင်သူပေါ့။ ဒါပေမဲ့ စိတ်ကူးက...