ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V2 Chapter 25 - ကင်းထောက်တာဝန်မက်ဒါနာတို့ရဲ့အုပ်စုလေးက သူတို့ကိုပေးထားတဲ့ အခန်းတွေထဲကနေ လျှို့ဝှက်စွာ ခိုးထွက်လာကြတယ်။ ဆိုဖီယာက ကောင်စုတ်လေးဒီပကိုပါ ခေါ်လာဖို့အတွက် တစ်ဖွဲ့လုံးကို အကြံပေးထားပါတယ်။
"ငါတို့ကို ဆုဗာနာက ကျောထောက်နောက်ခံပေးထားပေမဲ့ အခုက နယ်စားနန်းတော်ကို နိုင်ငံတကာက မျက်စိဒေါက်ထောက်ကြည့်နေတာ။ မူမမှန်တဲ့ လှုပ်ရှားမှုမျိုးရှိလာရင် မြူတန့်သိပ္ပံအဖွဲ့ကပါ သတိထားမိသွားလိမ့်မယ်။ ဒါကြောင့် နယ်စားစစ်တပ်က လှုပ်ရှားနိုင်မှာမဟုတ်ဘူး။"
မြူတန့်သိပ္ပံအဖွဲ့က သူတို့ထက်အင်အားမနည်းတဲ့အပြင် တစ်ကမ္ဘာလုံးမှာပါ အဆက်အသွယ်ရှိနေမှန်း မေ့ထားလို့မရပါဘူး။ မက်ဒါနာမိန့်ခွန်းပြောပြီးတဲ့အချိန်မှာ နိုင်ငံအသီးသီးက သံတမန်တွေ တဖွဲဖွဲရောက်လာနေကြပါပြီ။ သူတို့ရဲ့ရန်သူတွေဖြစ်တဲ့ တရုတ်ဖက်က ရှားမိသားစုကလည်း တက်ရောက်ဦးမှာပါ။
"ကောင်လေးဒီက နောက်တန်းနေဟီးရိုးဆိုပေမဲ့ ခြေရာခံနိုင်စွမ်းက ငါတို့ထဲမှာအမြင့်ဆုံးပဲ။ ဒါကြောင့် သူ့ကို့သုံးချရမယ်။"
မက်ဒါနာ၊ ဖရာလီတာနဲ့ ဆိုဖီယာတို့က ကောင်လေးဒီပအခန်းကို တံခါးခေါက်လိုက်တယ်။ သိပ်မကြာခင်မှာပဲ အထဲကနေပြီး ပြန်ထူးသံထွက်လာတယ်။
"ဘယ်သူလဲ၊ ညစာလာပို့တာလား။"
မက်ဒါနာကလည်း တရင်းတနှီးပဲ ကောင်လေးဒီပကို လှမ်းခေါ်လိုက်တယ်။ "မောင်လေးရေ၊ အစ်မတို့ပါ ဝင်လာပြီနော်။" အဲဒီနောက်တော့ မက်ဒါနာတစ်ယောက် အထဲက တံခါးဖွင့်ပေးတာကို စောင့်မနေတော့ဘဲ တံခါးကိုအပြင်ကနေ တွန်းဖွင့်လိုက်လေရဲ့။
"ဟေး၊ နေဦးလေ။ ဘာလို့ပြန်ထူးတာမစောင်ဘဲ ဝင်လာရတာလဲ။" ကောင်လေးဒီပကိုယ်ပေါ်မှာ အခုလောလောဆယ် ရေချိုးခန်းသုံးပုဝါလေးပဲရှိနေတာ။ မိန်းမလှလေးသုံးယောက်က အခုလိုအခြေအနေမျိုးမှာ အထဲကိုဝင်လာတဲ့အတွက် တော်တော်ရှက်သွားပုံပဲ။ သူက ချက်ချင်းပဲ ဆိုဖာထိုင်ခုံနောက်ကို ပြေးဝင်သွားတယ်။
YOU ARE READING
I just Wanna be Hero not Heroine
Teen Fiction"ဘုရားသခင် ငါ့ရှေ့ကိုလာခဲ့စမ်းပါ။ ငါမင်းကို နုပ်နုပ်စင်းပစ်ချင်လို့ပါ။ ငါက သိပ်လှတဲ့ ချစ်သူလိုချင်တာဟ။ သိပ်လှတဲ့ ကောင်မလေးဖြစ်ချင်တာမဟုတ်ဘူး။" မင်းလွင်ဟာ အမြဲတမ်း စူပါဟီးရိုးဇာတ်ကားတွေထဲကလို အစွမ်းရှိဟီးရိုးတစ်ယောက် ဖြစ်ချင်သူပေါ့။ ဒါပေမဲ့ စိတ်ကူးက...