V3 Chapter 31

109 18 2
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V3 Chapter 31 - ဂွင်ထဲဝင်သွားပြန်ပြီ

ခပ်ကြမ်းကြမ်းပုံစံနဲ့ မီးဖီးနစ်ငှက်ကြီးဝင်လာကတည်းက မက်ဒါနာတို့အုပ်စု ကံမကောင်းတဲ့အတိတ်နိမိတ်အဖြစ် မှတ်ယူထားပြီးပြီ။

ရေဘဝဲအသေကြီးကို ပါးစပ်ထဲပစ်ထည့်ပြီးနောက် ဖီးနစ်ကြီးက အရိုင်းဆန်ဆန်အော်ဟစ်လိုက်တဲ့အခါမှာတော့ သူတို့တွေချက်ချင်းထပြေးရတော့တာပဲ။

"ချီးထဲမှ၊ အာကိုင်းဂါမီဆိုတဲ့ကောင် ငှက်စိတ်ပေါက်သွားပြီလား။"

"ဂီး...." ဧရာမငှက်ကြီးက တစ်ချက်အော်ဟစ်လိုက်ပြီး ပါးစပ်ကိုအကျယ်ကြီးဟလိုက်တယ်။ ရွှေရောင်မီးတောက်တွေက သူ့နှုတ်သီးဖျားမှာ ဝဲကတော့အသွင်စုစည်းသွားပြီး မီးဘောလုံးကြီးဖြစ်သွားတယ်။ အဲဒီဝဲဘောလုံးနဲ့ မက်ဒါနာနဲ့အေမီတို့စီးနေတဲ့ ဟော့ပါယာဥ်ကို လှမ်းပစ်လိုက်တယ်။ ဟော့ပါက နှေးတဲ့အတွက်ကြောင့် သူတို့ရှောင်လို့မရတော့ဘူး။

"မမလေးရေ၊ ကျွန်မတို့နောင်ဘဝမှ ပြန်တွေ့ကြမယ်နော်။"

အေမီက သူ့ကိုယ်သူသေပြီဆိုပြီး မျက်လုံးကိုမှိတ် ငွေရောင်စစ်သည်တော်ရဲ့ခါးကို တင်းတင်းဖက်ထားလိုက်တယ်။ ကံကောင်းစွာနဲ့ Archmega​က ဂျက်လေယာဥ်တစ်စီးလိုမြန်ပြီး အတောင်ပံတွေကိုဖြန့်ကာ မက်ဒါနာနဲ့စေဘာစတိန်းကို ဂုတ်ကနေဆွဲပြီး ကယ်တင်လိုက်တယ်။ အေမီကတော့ လက်တစ်ဖက်တည်းနဲ့ မက်ဒါနာခါးကိုဖက်ထားရက်သား လေထဲမှာ တွဲလောင်းကြီးပါလာတယ်။

"အသေးမလေး၊ ဘာလို့လူကိုဆွဲမတင်ဘဲ ခွေးကိုဆွဲတင်ရတာလဲ။"

အေမီက အထွန့်တက်လိုက်ပေမဲ့ ပြန်ရတဲ့အဖြေကတော့ ပိုပြီးအေးစက်စက်နိုင်တယ်။

"မက်ဒါနာအနားမှာနင်ရှိနေတာကို ငါမျက်စိနောက်နေပြီဟဲ့။"

ဒါပေါ့၊ Yandereဆန်နေတဲ့ ဖရာလီတာလေး​က တစ်နေရာကိုချွဲနေတဲ့အေမီကို ဘယ်လိုလုပ်ကျေနပ်မှာလဲ။ ပြီးတော့ တစ်ခါတစ်ခါအသားကယူသေးတယ်။

"သူငယ်နာမစင်တဲ့ ကောင်မစုတ်၊ ပြန်ရောက်ရင် နင်နဲ့ငါနဲ့တွေ့ပြီ။"

I just Wanna be Hero not HeroineWhere stories live. Discover now