ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V3 Chapter 40 - လူတိုင်းမှာ အရေးကြီးကိစ္စရှိကြတာပဲမိရိုင်နဲ့ယုဆတို့ကို C rank ဟီးရိုးနှစ်ယောက် အိမ်ပြန်လိုက်ပို့ပေးကြတယ်။ အာကိုင်းဂါမီဘုရားကျောင်းက ပြိုကျနေပြီဆိုတော့ ယုဆလည်း ယာမာဂုချီအိမ်တော်မှာ သောင်တင်နေတယ်။
လောလောဆယ်တော့ ယုဆနဲ့မိရိုင်တို့နှစ်ယောက်က အာကိုင်းဂါမီ စိတ်ဖောက်ပြန်သွားပြီး ငှက်ကြီးတစ်ကောင်အဖြစ် သောင်းကျန်းနေတဲ့ကိစ္စကို မယုံနိုင်ကြသေးဘူး။
"ဒါလုံးဝမဖြစ်နိုင်တာပဲ၊ ဆရာက အားလုံးထဲမှာစွမ်းအားအကြီးဆုံး။ ဗီလိန်တချို့ကြောင့်နဲ့ အဲဒီလိုမျိုး ဖြစ်သွားစရာအကြောင်းကိုမရှိတာ။"
တီဗီမှာလာနေတဲ့ အာကိုင်းဂါမီ ဖီးနစ်ကြီးဖြစ်သွားပြီး ဟီးရိုးတွေနောက်လိုက်လို့ ဟီးရိုးတွေပြေးနေရတဲ့ ဗီဒီယိုဖိုင်ကိုကြည့်ရင်း မိရိုင်ပြောလိုက်တယ်။ (အဲဒီထဲမှာ နာမည်ကျော် SilverKnightလည်းပါတယ်။) ယုဆလည်းမယုံချင်ပေမဲ့ သူတို့ရှေ့မှာလာနေတဲ့သတင်းက အတုမဟုတ်တာတော့ သေချာတယ်လေ။
ယုဆက မိရိုင်ရဲ့လက်ကလေးကို တင်းတင်းဆုပ်ထားတယ်။
"မိရိုင်-ချန်၊ ငါတို့ဘာလုပ်ကြမလဲ။"
ယုဆလေးက မိဘမဲ့ကလေးတစ်ယောက်မလို့ အာကိုင်းဂါမီက ဂရုစိုက်စောင့်ရှောက်ပေးနေတာ ကြာခဲ့ပါပြီ။ ဒါကြောင့် သူ့အတွက်ကျွေးအဖေလိုဖြစ်နေတယ်။ မိရိုင်အတွက်ကတော့ အာကိုင်းဂါမီက နတ်ဘုရားတမျှအစွမ်းထက်တဲ့ စံပြဟီးရိုးတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ဟီးရိုးဘဝအိပ်မက်ကို လမ်းပြပေးနေတဲ့ ဆရာတစ်ယောက်လည်းဖြစ်ပါတယ်။
မိရိုင်လေးက ယုဆရဲ့ပခုံးကို လက်နဲ့ဆုပ်ကိုင်ထားလိုက်ပြီး ပြောလိုက်တယ်။
"ယုဆ-ချန်၊ ငါတို့ဆရာ့ကို ပြန်သွားခေါ်ကြမယ်လေ။"
ဒါပေမဲ့ ယုဆကတော့ သူတို့အခန်းအပြင်ဖက်မှာ တကယ့်ကိုယ်ရံတော်ကြီးတွေလိုမျိုး ရပ်စောင့်ရှောက်နေကြတဲ့ C rank ဟီးရိုးနှစ်ယောက်ကို မျက်စောင်းနဲ့ကြည့်လိုက်ရင်း သက်ပြင်းချလိုက်တယ်။
YOU ARE READING
I just Wanna be Hero not Heroine
Teen Fiction"ဘုရားသခင် ငါ့ရှေ့ကိုလာခဲ့စမ်းပါ။ ငါမင်းကို နုပ်နုပ်စင်းပစ်ချင်လို့ပါ။ ငါက သိပ်လှတဲ့ ချစ်သူလိုချင်တာဟ။ သိပ်လှတဲ့ ကောင်မလေးဖြစ်ချင်တာမဟုတ်ဘူး။" မင်းလွင်ဟာ အမြဲတမ်း စူပါဟီးရိုးဇာတ်ကားတွေထဲကလို အစွမ်းရှိဟီးရိုးတစ်ယောက် ဖြစ်ချင်သူပေါ့။ ဒါပေမဲ့ စိတ်ကူးက...