ငါက သူရဲကောင်းဖြစ်ချင်ရုံပါ၊ ဘာကိစ္စ ဒီ
လောက်တောင် ခက်ခဲနေရတာလဲ။
Chapter 3- ငါတို့အိမ်မှားဝင်မိပြီ"ဟားဟားဟား.... ငါက ပြိုင်ကားဘုရင်ကြီး
တင်မီကွ။ မင်းတို့လို ဓာတ်ခဲထည့်သုံးရတဲ့ရဲကားလေးတွေ ငါ့ကိုလိုက်မမီပါဘူးကွ။"ခေတ်ဟောင်းပြိုင်ကားအနီလေးက လေးလမ်း
မောင်း အဝေးပြေးလမ်းပေါ်တွင် ရူးသွပ်စွာပြေးလွှားနေသည်။ သူတို့၏နောက်တွင်တော့
ရဲကားအတန်းလိုက်ကြီးပါလာ၏။ မင်းလွင်က
တော့ ထိုင်ခုံခါးပတ်ကို မြဲမြဲပတ်ထားရင်း အ
သက်ကိုလုရှုနေသည်။ ယခင်ကမရှိခဲ့ဖူးသည့်
အမြန်နှုန်းကြောက်ရောဂါပင် ထက်တိုးလာ
တော့မလိုခံစားနေရ၏။တကယ့်ကောင်တင်မီက ကားကိုပြောင်းပြန်
မောင်းပြီး ရဲကားများကို ရန်စနေခြင်းဖြစ်၏။
မှန်ပေသည်။ လမ်းပြောင်းပြန်မောင်းခြင်းမ
ဟုတ်ဘဲ ကားပြောင်းပြန်မောင်းနေခြင်းပင်။"ဟေးဟေး၊ ကောင်လေး။ ကားနောက်ကိုသေချာကြည့်ပေးထားနော်။ ဒီဖေဖေကြီးက
ဂေါက်စနူးရဲလေးတွေကို ပညာပြပေးလိုက်ဦး
မယ်။""ဟေးဘတို၊ ငါတို့နောက်ကို ဟီးရိုးတွေပါ
လိုက်နေပြီဟ။"မင်းလွင်က သူတို့ကားနှင့်အပြိုင်ပြေးနေသော
နှံကောင်လိုဝတ်ထားသည့် ပိန်ခြောက်ခြောက်
ဟီးရိုးကို လှည့်ကြည့်လိုက်သည်။ ဟီးရိုးက
သူတို့နှစ်ယောက်ကို လက်ထောင်ပြလိုက်၏။"ရို့ကောင်လေးတွေ၊ ငါက C rank ဟီးရိုး chirruner ပါ။ မင်းတို့ကောင်တွေ နောက်
မီတာသုံးရာအကွာမှာရပ်စောင့်နေတဲ့ Musclecutieကိုဝင်မတိုက်ခင် ရပ်လိုက်တာကောင်းမယ်။""Musclecutie.. ချီးထဲမှ။"
မင်းလွင်ရောတင်မီပါ ကားနောက်ကိုလှည့်
ကြည့်လိုက်သည်။ တကယ်ကြီး ဓာတ်တိုင်
သုံးတိုင်စာအကွာတွင် အရပ်ခုနစ်ပေခန့်ရှိ
သည့် မာဆယ်အပြည့်နှင့်ဦးလေးကြီးတစ်
ယောက်က ကားလမ်းပေါ်တွင် ထိုစောင့်နေ
သည်။ ချစ်စရာကောင်းသော အိမ်စေဝတ်
စုံကလေးဝတ်ကာ ယုန်နားရွက်ကိုခေါင်းစွပ်
ထားပြီး ကမ္ဘာကြောက်စရာအကောင်းဆုံး
အိမ်စေမိန်းကလေး Cosplayer ဖြစ်မည့်
ပုံပေါ်သည်။ ထိုတစ်ယောက်က နယူးယောက်
၏C rank ဟီးရိုးတစ်ယောက်ဖြစ်သော MuscleCutieပင်။
YOU ARE READING
I just Wanna be Hero not Heroine
Teen Fiction"ဘုရားသခင် ငါ့ရှေ့ကိုလာခဲ့စမ်းပါ။ ငါမင်းကို နုပ်နုပ်စင်းပစ်ချင်လို့ပါ။ ငါက သိပ်လှတဲ့ ချစ်သူလိုချင်တာဟ။ သိပ်လှတဲ့ ကောင်မလေးဖြစ်ချင်တာမဟုတ်ဘူး။" မင်းလွင်ဟာ အမြဲတမ်း စူပါဟီးရိုးဇာတ်ကားတွေထဲကလို အစွမ်းရှိဟီးရိုးတစ်ယောက် ဖြစ်ချင်သူပေါ့။ ဒါပေမဲ့ စိတ်ကူးက...