Chapter 27

316 39 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
Chapter 27- မြူတန့်သိပ္ပံအဖွဲ့အစည်း

  စွန့်ပစ်ထားသည့် ရထားဘူတာတစ်ခုတွင်ဖြစ်သည်။

ကမ္ဘာကြီး၏တိုးတက်ပြောင်းလဲလာမှုကြောင့် ယနေ့ခေတ်တွင် သာမန်ရထားများကို မသုံးတော့တာ ကြာပြီဖြစ်သည်။ ကျည်ဆန်ရထားများ၏ ဖွံဖြိုးလာမှုကြောင့် ကုန်ပစ္စည်းသယ်ယူရာတွင်ပင် နှေးကွေးလေးလံသော သမရိုးကျရထားကြီးများကို အသုံးပြုခြင်းမရှိတော့ပေ။ ထို့​ကြောင့် အချို့ရထားလမ်းများကို အဆင့်မြှင့်တင်မှုများ ပြုလုပ်ခဲ့ပြီး အချို့ကိုတော့ စွန့်ပစ်ထားခဲ့သည်။

ယခုနေရာမှာလည်း ထိုစွန့်ပစ်ခံဘူတာများထဲမှ တစ်ခုဖြစ်ပေသည်။ အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသော လူငယ်လေးတချို့က မီးပုံတစ်ခုကိုဖိုထားပြီး စုဝေးကာ စကားပြောနေကြ၏။

"ငါတို့အရင်တစ်ခါ မိစ္ဆာတစ်ကောင်ကို ဆင့်ခေါ်ဖို့လုပ်တုန်းက အလောင်းကောင်ကြီး အသက်ဝင်လာခဲ့တယ်နော်။ အဲဒါက တကယ့်နတ်ဆိုးဖြစ်နေရင် ဘယ်လိုလုပ်မလဲ။" တစ်ကိုယ်လုံးတုန်ရင်နေသည့် လူငယ်လေးဘီးက အားလုံးကိုကြည့်ကာ ပြောလိုက်သည်။

"အဲဒီဖုတ်ကောင်ရဲ့မျက်လုံးတွေက စိမ်းမြနေပြီးတော့ ကျောက်တုံးကျောက်ဆိုင်တွေအားလုံး လေထဲမြောက်တက်လာတာလေ။ သိပ်ကြောက်စရာကောင်းတာပဲ။ ငါ...ငါတော့ မင်းတို့နဲ့ဆက်မနေနိုင်တော့ဘူး။"

ဘီး၏ဖျော့တော့သောမျက်နှာက မီးရောင်အောက်တွင် အရုပ်ဆိုးနေသည်။ သူတို့က တခြားမဟုတ်ဘဲ ဆိုဖီယာနိုးထလာစဥ်က တွေ့ခဲ့ရသော နတ်ဆိုးကိုးကွယ်သူများပင်။

"ဟေးဘီးရ၊ ဖုတ်ကောင်တောင် အသက်ဝင်လာတယ်ဆိုမှတော့ နတ်ဆိုးတွေလည်း တကယ်ရှိရမှာပေါ့။ ဒီမှာ ငါတို့က နတ်ဆိုးသခင်ကြီးနောက်ကိုလိုက်ပြီး ဒီကမ္ဘာကိုသိမ်းပိုက်ချင်တာမဟုတ်လား။"

"နတ်ဆိုးရှိရှိမရှိရှိကွာ... ငါတော့ကြောက်တယ် ထွက်ပြီ။"

ခေါင်းဆောင်ဖြစ်ပုံရသည့် ရိုလန်ကတော့ ဘီးကို ဒေါသတကြီးဖြင့် ကြည့်လိုက်ပြီး

I just Wanna be Hero not HeroineWhere stories live. Discover now