Chapter 30

296 40 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
Chapter 30- ရွက်ပုန်းသီးရှေ့နေ့ (၂)

မက်ဒါနာ လိပ်စာကပ်က ဖုန်းကိုလှမ်းခေါ်တော့ တစ်ဖက်ကနေ ပျာပျာယာယာနဲ့ ပြန်ဖြေလိုက်တဲ့ မိန်းကလေးတစ်ယောက်ရဲ့အသံကို ကြားလိုက်ရတယ်။

"ဟုတ်ကဲ့ရှင့်... အမိန့်ရှိပါရှင့်... ချီလုလုပြောနေပါတယ်။ အမှုအပ်စရာ ရှိလို့လားဟင်။"

"ဟုတ်ပါတယ်..." မက်ဒါနာက Silver Knightရဲ့ ယောက်ျားဆန်တဲ့လေသံနဲ့ ပြောလိုက်တယ်။ ခဏနေတော့ တစ်ဖက်ကနေပြီး

"ဟူးရေး... နောက်ဆုံးတော့ ငါ့ကိုအမှုအပ်မယ့်သူရှိပြီကွ။ ချီလုလု၊ နင်က အသုံးမကျတဲ့သူမဟုတ်တော့ဘူး။"

"...." 'ငါဘာလို့ မဟာ့မဟာကံဆိုးမတစ်ယောက်ရဲ့ အငွေ့အသက်တွေရနေပါလိမ့်။'

  "အား... တောင်းပန်ပါတယ်၊ ကျွန်မစိတ်လွတ်သွားလို့ပါ။ ခြောက်လလောက် ဘယ်သူမှ အမှုလာမအပ်ဘူးဆိုတော့ အိမ်ပြန်ပြီးအလုပ်လုပ်တော့မလား စဥ်းစားနေတာ။"

"...." 'ဒီတစ်ယောက်က တကယ်ကြီးအားကိုးရမှာပါနော်။'

မက်ဒါနာနဲ့ရှေ့နေချီလုလုက ဆိုင်တစ်ဆိုင်မှာချိန်းလိုက်ပြီး တွေ့ဖို့ဆုံးဖြတ်လိုက်ကြတယ်။ မက်ဒါနာ ချိန်းထားတဲ့နေရာကိုရောက်တော့ အဲဒီနေရာက တရုတ်တန်းက စားသောက်ဆိုင်ဖြစ်နေရော။

'အင်း... သူ့နာမည်ကြားကတည်းက တရုတ်လူမျိုးလို့တော့ ထင်သားပဲ။' "ငါရောက်ပြီ။"

မက်ဒါနာက ငွေရောင်စစ်သည်ဝတ်စုံကို ဝတ်ထားရင်း လက်ပိုက်ထားတယ်။ သူက ဆိုင်ကိုတစ်ချက်ဝေ့​ကြည့်ရင်း အော်ပြောလိုက်တာပါ။ ဆိုင်ထဲမှာ လူနည်းနည်းပဲရှိတာ။ အရက်မူးနေတဲ့ တရုတ်အဖိုးကြီးတစ်ယောက် အမြည်းမှာနေတာပဲရှိတယ်။

ခဏနေတော့ နောက်ကနေပြီး အေပရွန်လေးဝတ်ထားတဲ့ မျက်မှန်ဝိုင်းဝိုင်းနဲ့ကောင်မလေးတစ်ယောက် ထွက်လာတယ်။ လက်ထဲမှာတော့ အသားလုံးကြော်တစ်ပွဲ ကိုင်ထားလေရဲ့။

"ရပါပြီ..." ကောင်မလေးက ပြောပြောဆိုဆိုနဲ့ အရက်သမားဦးလေးကြီးရဲ့စားပွဲပေါ်ကို ဟင်းပွဲတင်ပေးလိုက်တယ်။ မက်ဒါနာရဲ့စနစ်မှာလည်း နာမည်တစ်ခုပေါ်လာလေရဲ့။

I just Wanna be Hero not HeroineWhere stories live. Discover now