ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V4 Chapter 38 - လမ်းဆုံးကိုရွေးချယ်ခြင်းမြူနယ်မြေထဲမှာ သွားရင်းလာရင်းနဲ့ မက်ဒါနာတို့အုပ်စုက ဒိုင်မေးရှင်းတစ်ခုထဲမှာ ဥစာကီကိုရှာတွေ့တယ်။ ဒါပေမဲ့ သိပ်ကောင်းတဲ့အခြေအနေမျိုးမှာတော့မဟုတ်ဘူး။ အဲဒီအစား တိုက်ခိုက်နိုင်စွမ်းမရှိတော့ဘဲ လေထဲမှာ ဒီအတိုင်းပျံဝဲနေတာ။
တကယ်လို့သာ ဒေါက်တာမြူတစ်ယောက် အကြောက်လွန်ပြီးတော့ တိုက်စစ်တွေအားလုံးကို မရပ်စဲပစ်ခဲ့ရင် ဥစာကီလည်း အသက်ဆက်ရှင်နိုင်တော့မယ်မထင်ဘူး။ အခုလက်ရှိအခြေအနေအတိုင်းဆိုရင် ဥစာကီက သာမန်အရိုးမျက်နှာတစ်ယောက်ကိုတောင် မနည်းရင်ဆိုင်ရတော့မယ့်ပုံစံမျိုး ဖြစ်နေပါပြီ။
"နင်တို့ထဲကတစ်ယောက်ယောက် မြူရေဘဝဲတွေကို ကိစ္စဖြတ်လိုက်ပြီဆိုတာ ငါသိသားပဲ။"
ဥစာကီက မက်ဒါနာတို့အုပ်စုကိုမြင်တော့ စိတ်လျှော့လိုက်တယ်။ ဒီအတွက် သူ့အတောင်ပံကိုတောင် မထိန်းချုပ်နိုင်တော့ဘဲ ရေထဲပြုတ်ကျမလို ယိုင်နဲ့သွားတယ်။
သူ့ခန္ဓာကိုယ်ရောစိတ်ခွန်အားပါ အကန့်အသတ်ရောက်နေခဲ့ပြီလေ။ ဒါပေမဲ့ ဒရုန်းဇုန်က ဥစာကီကို အသင့်ပဲ လေပေါ်မှာဖမ်းထားပြီး သူ့လက်နဲ့ဖေးမထားလိုက်တယ်။ ဒါကြောင့် အပြင်လူတွေအနေနဲ့ဆိုရင် နုငယ်တဲ့ဥစာကီက ဒရုန်းဇုန်ရဲ့ကြီးမားတဲ့ ရင်ခွင်ကြီးထဲမှာ နစ်ဝင်နေသလိုပဲ။
"ကျေးဇူး...." ဥစာကီက ဖျော့တော့တဲ့လေသံနဲ့ အဲဒီစကားကို ပြောလိုက်ပြီး စိတ်ချလက်ချနဲ့ မျက်လုံးကိုမှိတ်ပြီး အိပ်စက်လိုက်တယ်။
ဖရာလီတာကတော့ သူတို့စုံတွဲကိုကြည့်ရင် အားကျနေတယ်။ သူက မက်ဒါနာကိုလှည့်ကြည့်ရင်း ပြောလိုက်တယ်။
"မက်ဒါနာရေ၊ ခန့်မှန်းကြည့်စမ်းပါဦး။ သူတို့ထဲက ဘယ်သူက Nekoဖြစ်ပြီး ဘယ်သူက Tachi ဖြစ်မယ်ထင်လဲ။"
မက်ဒါနာက ဖရာလီတာကိုကြည့်ပြီး စိတ်ပျက်ပျက်နဲ့ပြောလိုက်တယ်။ "နင်ဘာတွေပြောနေတာလဲ၊ ငါနားမလည်ဘူး။"
ဒီတော့ ဖရာလီတာလည်း ခပ်ဟဟရယ်လိုက်ပြီး ခါးလေးထောက်လိုက်တယ်။ ဒါပေမဲ့ တခြားလူတွေအဖို့တော့ Archmegaကြီး ခါးထောက်ပြီး မူနေတဲ့ပုံစံမလို့ ကြည့်မကောင်းဘူး။
YOU ARE READING
I just Wanna be Hero not Heroine
Teen Fiction"ဘုရားသခင် ငါ့ရှေ့ကိုလာခဲ့စမ်းပါ။ ငါမင်းကို နုပ်နုပ်စင်းပစ်ချင်လို့ပါ။ ငါက သိပ်လှတဲ့ ချစ်သူလိုချင်တာဟ။ သိပ်လှတဲ့ ကောင်မလေးဖြစ်ချင်တာမဟုတ်ဘူး။" မင်းလွင်ဟာ အမြဲတမ်း စူပါဟီးရိုးဇာတ်ကားတွေထဲကလို အစွမ်းရှိဟီးရိုးတစ်ယောက် ဖြစ်ချင်သူပေါ့။ ဒါပေမဲ့ စိတ်ကူးက...