V2 Chapter 34

197 36 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V2 Chapter 34 - ဆိုဖီယာသယ်လာတဲ့ ပြဿနာ

ကောင်စုတ်လေးဒီပနှင့်လယ်ရီတို့မှာလည်း ထွက်ပြေးဖို့အတွက် အကြံထုတ်နေကြဆဲပါ။ လယ်ရီက သူ့နှာခေါင်းကို တရှုံ့ရှုံ့လုပ်ရင်း ဒီပကိုပြောလိုက်တယ်။

"ဒီနေရာကို အပြင်လူတစ်ယောက်ဝင်လာတယ်၊ ငါတို့အဖွဲ့ကတော့မဟုတ်ဘူး၊ လူလုပ်မြူတန့်လည်းမဟုတ်တော့ မိတ်ဆွေလားရန်သူလား မသဲကွဲဘူး။"

"ခင်ဗျားက ခွေးလား၊ ဒီလောက်အနံခံကောင်းရအောင်။" ဒီပက စိတ်ပျက်ပျက်နဲ့ပြောလိုက်တယ်။ 'ဒီပိုးဟပ်လူကြီး သူ့ကိုနောက်နေတာတော့ မဟုတ်ပါဘူးနော်။' ကောင်အလေးဒီပက သူ့ကိုယုံပုံမပေါ်တော့ လယ်ရီက စပ်ဖြဲဖြဲရယ်ပြလိုက်ပြီး ဒီပလှောင်အိမ်နားကိုကပ်ကာ တီးတိုးလေးပြောလိုက်တယ်။

"ဒီကောင်တွေမေ့နေတာ တစ်ခုရှိတယ်ကွ၊ သူတို့ငါ့ကိုခတ်ထားတဲ့ လက်ထိပ်တွေက မြူတန့်တွေအတွက်လေ၊ ငါက မြူတန့်မဟုတ်တဲ့ ဂြိုဟ်သားဆိုတော့ အကျုံးမဝင်ဘူး။"

ကောင်လေးဒီပကတော့ လယ်ရီကို မယုံတဲ့မျက်နှာထားမျိုးနဲ့ မျက်မှောင်ကြုတ်ပြီး ဆက်ကြည့်နေတုန်းပဲ။ "ဒီလက်ထိပ်တွေက မြူတန့်တွေအတွက် ဆိုပေမဲ့ ခန္ဓာကိုယ်မှာပုံမှန်မဟုတ်တဲ့ စွမ်းအားတွေလှုပ်ရှားနေတာရှိရင် အလိုလိုတုံ့ပြန်ပြီး ခင်ဗျားကို ဓာတ်လိုက်အောင်လုပ်မှာလေ။ ဂြိုဟ်သားဆိုရင်တောင် ​တစ်အိမ်လုံးကိုတစ်ရက်စာ မီးပေးလို့ရတဲ့ ဓာတ်အားမျိုးနဲ့တစ်ချက်အတို့ခံရရင် ကင်ပြီးသားပရစ်ဖြစ်သွားမှာပဲဗျ။ ပရစ်ကင်ကြီးရဲ့ဘေးလှောင်အိမ်မှာတော့ မနေရဲပါဘူးနော်။"

"မင်းကလဲ... အဲဒီပုံမှန်မဟုတ်တဲ့လှုပ်ရှားမှုဆိုတာကိုက လူသားတွေအတွက် ပုံစံထုတ်ထောက်လှမ်းတာလေကွ။ မယုံရင်ဒီမှာကြည့်..."

လယ်ရီရဲ့လူပုံစံလက်တွေက ရုတ်တရက်ကြီးထွားလာပြီး မြူတန့်လက်ထိပ်ကို ဖျက်ဆီးပစ်ပြီးသားဖြစ်သွားတယ်။ ခုတော့သတ္တုကွင်းလေးနှစ်ခု​က ကျိုးကြေနေပြီး မြေပေါ်မှာပုံကျနေတယ်။ ဒီပကတော့ အဲဒီမြင်ကွင်းကြောင့် ကိုယ့်မျက်လုံးကိုယ်တောင် မယုံနိုင်တော့ဘူး။

I just Wanna be Hero not HeroineWhere stories live. Discover now