Chapter 4

566 60 3
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ။
Chapter 4- သတင်းစာခေါင်းစည်း:
အိမ်ဖောက်ထွင်းဝင်ရောက်သည့် သူခိုးနှစ်
ယောက်ပါ လူမှားပြန်ပေးဆွဲခံလိုက်ရသည့်
အဖြစ်

"အား....အား.... မ...မပစ်ပါနဲ့။"

တင်မီနှင့်မင်းလွင်တို့နှစ်ဦးမှာ ခြံဝင်းထဲတွင်
ပတ်ပြေးနေရပြီး မျက်လုံးစိမ်းများနှင့်မိန်းက
လေးမှာတော့ ရိုင်ဖယ်သေနတ်ကြီးကိုကိုင်ကာ
သူတို့ကိုလိုက်ပစ်နေသည်။

"ထိန်း....."

"ဆိုဖီယာ...ကိုက ကျောင်းကတင်မီလေ။
မမှတ်မိဘူးလား။"

တင်မီက တိုင်တစ်တိုင်နောက်တွင် ဝင်ပုန်းနေရင်းမှ ခေါင်းပြူကြည့်ပြီး ပြောလိုက်၏။ သို့
သော် သေနတ်ပြောင်းဝက သူ့မျက်နှာတည့်
တည့်ချိန်ထားသဖြင့် ခေါင်းကိုချက်ချင်းတိုင်
နှင့်ကွယ်ထားလိုက်ရသည်။

ထိန်း...။

ရာဘာကျည်ဆန်က တိုင်လုံးကိုထိမှန်သွားပြီး
ကျောက်အပိုင်းအစများ နေရာအနှံပြန့်ကျဲကုန်
သည်။ ကောင်မလေးက သူတို့ကို ရာဘာကျည်
နှင့် ပစ်နေခြင်းကြောင့်သာမဟုတ်လျှင် သေကုန်တာကြာလောက်ပြီ။

မင်းလွင်ကတော့ သူ၏ညိုမည်းစွဲနေသော ခြေ
ထောက်မှ ရာဘာသေနတ်ကျည်ရာကြီးကိုကြည့်လိုက်ပြီး ငိုမဲ့မဲ့ဖြစ်သွားသည်။ အမေမွေးက
တည်းက ဒီလောက်နာသည့်နာကျင်မှုကို မခံစား
ခဲ့ရဖူးပေ။

"ဆို...ဆိုဖီယာ... ငါတို့တကယ်ပဲမရည်ရွယ်ပါဘူး။ မူးမူးနဲ့အိမ်မှားဖွင့်မိတာပါ။"

"ကျွန်မလုံခြုံရေးတံခါးကို ဟက်ပြီးခြံထဲဝင်လာတယ်၊ တံခါးကိုလည်း သူခိုးသော့ဖျက်နည်းနဲ့ဖျက်ဖို့လုပ်တယ်။ ရှင်တို့က နည်းနည်းလေးမှယုံစရာမရှိတာ သိရဲ့လား။ ရှင်တို့က
သေချာပေါက် သူခိုးတွေပဲဖြစ်ရမယ်။"

ညအမှောင်ထဲတွင် ဆိုဖီယာ၏မျက်လုံးစိမ်းစိမ်းများက တောက်ပနေကာ ရေချိုးခန်းပုဝါ
ကိုသာဝတ်ဆင်ထားသဖြင့် ပေါင်တံဝါဝါဝင်း
ဝင်းကလေးကို သူတို့နှစ်ယောက်လုံးမြင်နေရ
သည်။ ရုတ်တရက် ဆိုဖီယာရှေ့သို့လှမ်းလိုက်
စဥ် ပုဝါက လျှောကျသွားပြီး ရင်သားတစ်ဝက်
ပေါ်သွား၏။ ချက်ချင်းပင် စန္ဒါလမင်းကြီးပေါ်မှ အလင်းတန်းတစ်ခု​ကျလာပြီး မမြင်အပ်သော နေရာလေးကို ဖုံးပေးလိုက်သည်။

I just Wanna be Hero not HeroineWhere stories live. Discover now