V3 Chapter 41

116 16 2
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V3 Chapter 41 - ပြန်လ​ည်နိုးထခြင်း

ဖရန့်နိုးလာတော့ ဆေးရုံပေါ်မှာ။ ပြင်းထန်တဲ့တိုက်ပွဲတစ်ခုကို ဖြတ်ကျော်ခဲ့ရတဲ့အတွက် သူ့​တစ်ကိုယ်လုံး ကိုက်ခဲနေသင့်နေပဲ့ သာမန်အိပ်ရာထလာသူလိုမျိုး ခေါင်းကြည်ပြီး တစ်ကိုယ်လုံးလန်းဆန်းနေတယ်။

သူ့ဆေးရုံခန်းထဲမှာတော့ ပန်းခြင်းတွေအပြည့်နဲ့။ တော်တော်များများက တောင်ကိုရီးယားက ပြည်သူတွေပို့ပေးခဲ့ပုံပဲ။ သူဘာတွေဖြစ်ခဲ့လည်းဆိုတာ ပြန်စဥ်းစားကြည့်မိတော့ စိတ်ထဲမကောင်းသလိုဖြစ်လာတယ်။ သူ့တစ်ကိုယ်လုံးက အားအင်တွေ ချိနဲ့သွားသလိုပဲ။

ဆိုးလ်မြို့ကြီးပျက်စီးသွားပြီ၊ သူ့သူငယ်ချင်းလူကန်နဲ့ ဟီးရိုးတော်တော်များများ သေဆုံးသွားခဲ့တယ်။ လူကန်အကြောင်းနဲ့ သူ့ခန္ဓာကိုယ်ကို လုံးဝထိန်းချုပ်မှု ကင်းမဲ့သွားစေတဲ့ စွမ်းအားအကြောင်းကိုတွေးမိတော့ သူ့စိတ်ထဲမှာ သည်းမခံနိုင်လောက်အောင် ခံစားလာမိတယ်။

"ငါ့မှာ ဒီလောက်ကြီးမားတဲ့စွမ်းအားတွေရှိနေခဲ့ရင် ဘာဖြစ်လို့ စောစောစီးစီးနိုးထမလာရတာလဲ။"

စိတ်ထင်လို့လားမသိပေမဲ့ သူ့စိတ်ထဲမှာက တစ်စုံတစ်ယောက်ရဲ့ကောက်ကျစ်တဲ့ ရယ်သံကို ကြားမိလိုက်သလိုပဲ။ ခဏနေတော့ တံခါးပွင့်လာပြီး သူနာပြုမိန်းကလေးတစ်ယောက်ဝင်လာတယ်။ သူနိုးနေတာတွေ့တော့ မိန်းကလေးတော်တော်အံ့ဩသွားပုံပဲ။ နောက်တော့ အတော်ဝမ်းသာသွားပုံနဲ့ အခန်းအပြင်ကိုပြန်ထွက်ပြီး တခြားသူတွေကို အော်ခေါ်လိုက်တယ်။

နောက်တော့ ဆရာဝန်တစ်ယောက်နဲ့သူနာပြုတွေအများကြီး အခန်းထဲကိုပြုံဝင်လာပြီး သူ့ကိုစစ်ဆေးကြတယ်။

"ခင်ဗျားသတိမေ့နေတာ ၁၂နာရီကျော်ပြီ၊ ပြန်နိုးလာလို့တော်သေးတယ်။ ကျုပ်တို့က ကိုမာဝင်နေပြီလို့တောင်ထင်နေတာ။"

ဆရာဝန်က အင်္ဂလိပ်လိုရေရေလည်လည်ပြောတတ်တော့ ဖရန့်အတွက်ပြဿနာမရှိဘူး။ လူကန်ရဲ့အခြေအနေကိုမေးတော့ အားလုံးက ခေါင်းခါပြကြတယ်။

I just Wanna be Hero not HeroineWhere stories live. Discover now