Chapter 44

242 43 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
Chapter 44- ပွဲပြီးတာတောင် ရောက်မလာတဲ့ ဟီးရိုးအစည်းအရုံး

တိုက်ပွဲစသည်နှင့် မက်ဒါနာမှာ ဧရာမပန်းပွင့်ကြီး၏ ရိုက်ချမှုကြောင့် လေထဲလွင့်ထွက်သွားသည်။ မက်ဒါနာ သတိပြန်ဝင်လာပြီးနောက် သတိထားမိသည့် တစ်ခုတည်းသောအရာမှာ အဆက်မပြတ်မြည်နေသော သတိပေးသံများနှင့် ဆက်တိုက်ပြောင်းလဲနေသော မြင်ကွင်းများဖြစ်၏။

[သတိ - လေထုထဲတွင် ဇောက်ထိုးအနေအထားဖြင့် ပြုတ်ကျနေပါသည်။ ချက်ချင်းအနေအထားပြင်ပါ။]

မက်ဒါနာက လေထဲတွင် ကိုယ်ကိုကျွမ်းကျင်စွာလှည့်လိုက်ပြီး မြေပြင်ပေါ်သို့ Superhero landingပုံစံမျိုးဖြင့် ဆင်းလိုက်နိုင်သည်။ သူ့လက်စွဲတော် ဓားပြားကြီးကတော့ သူနှင့်သုံးပေလောက်အကွာသို့ ပြုတ်ကျလာပြီး ဓားဦးကမြေကြီးထဲ စိုက်ဝင်သွား၏။

မက်ဒါနာက ဖြည်းဖြည်းချင်း ပြန်ရပ်လိုက်သော်လည်း သူ၏ခြေကျင်းဝတ်မှ နာကျင်မှုကို ခံစားလိုက်ရပြီး ဟန်ချက်ပျက်တော့မလို ဖြစ်သွားသည်။ စနစ်၏သတိပေးချက်က ချက်ချင်းဝင်လာ၏။

[သတိ - ဝတ်ဆင်သူ၏ ​ညာဖက်​ခြေကျင်းဝတ် ဆိုးဝါးစွာ ထိခိုက်ထားပါသည်။ ဟန်ချက်ထိန်းနိုင်ရန် ခက်ခဲသွားပါပြီ။]

"စနစ်၊ Void stream Modeကို ဖွင့်ပြီးတော့ ကျားကန်ပေးထားပါ။"

[သတိ - စွမ်းအင် ၄၂ ရာခိုင်နှုန်းသာ ကျန်ပါတော့သည်။ Void Stream Modeက စွမ်းအင်ကုန်ဆုံးမှုကို လျင်မြန်စေပါလိမ့်မည်။]

မက်ဒါနာက လေထုထဲတွင် ပြန့်နှံနေသော ဓာတ်ငွေ့များနှင့် သူ၏ဓာတ်ငွေ့ကာစနစ်ကို ကြည့်လိုက်သည်။ သုံးမိနစ်သာ အချိန်ရတော့သည်မဟုတ်လား။

"ဖွင့်ထုတ်လိုက်တော့။"

[တာဝန်ကို လက်ခံဆောင်ရွက်နေပါသည်။] မက်ဒါနာ၏ဝတ်စုံရှိ ကြွက်သားတုများက စတင်ကျယ်ပြန့်လာပြီး သမိုင်းထဲရှိ ထိပ်တန်းစစ်သည်တော်တစ်ဦး၏ သံချပ်ဝတ်ကဲ့သို့ ထင်ရသည်။ မက်ဒါနာကိုယ်တိုင်ကလည်း တိုးမြင့်လာသည့် စွမ်းအားများကို ခံစားမိနေ၏။

I just Wanna be Hero not HeroineWhere stories live. Discover now