V3 Chapter 9

176 24 1
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V3 Chapter 9 - တိုကျိုမြို့က မြူတန့်တွေ ရူးကုန်ပြီ

S rank နောက်တန်းအမျိုးအစားဖြစ်တဲ့ ဒေါက်တာမြူဟာ ပုံမှန် S rankတွေထက် တိုက်စစ်အင်အားနည်းပါတယ်။ သူအထူးကျွမ်းကျင်တာ​က တခြားသူတွေကို ကူညီဖို့ဖြစ်ပြီး ကိုယ်တိုင်တိုက်ခိုက်ရတဲ့အခါမှာတော့ တော်တော်လေးအားနည်းပါတယ်။

အဆင့်မတက်ခင်က ဗီးနပ်စ်တောင် သူ့ထက်ပိုသာပါသေးတယ်။

မီးလျှံတစ်ဝက်တောက်လောင်နေတဲ့ အာကိုင်းဂါမီဟာ ပိုကြမ်းတမ်းလာပြီး ထိန်းချုပ်ရခက်လာပါတယ်။ ဒေါက်တာမြူရဲ့ရေဘဝဲကြီးဟာ ပြန်လည်ကုစားနိုင်စွမ်းရှိပြီး အချိန်တိုအတွင်း လက်တံတွေ ပြန်ပေါက်လာနိုင်ပေမဲ့ ပြန်ကောင်းတဲ့နှုန်းက အဖျက်ဆီးခံရတဲ့နှုန်းထက် အများကြီးနှေးနေပါပြီ။

တစ်ခုခုမလုပ်ရင် မိနစ်အနည်းငယ်အတွင်း အလုံးစုံရှုံးနိမ့်သွားတော့မှာပါ။

"ကြည့်ရတာ မလုပ်ချင်ပေမဲ့လည်း ဒီဝှက်ဖဲကို ထုတ်သုံးရတော့မယ်ထင်တယ်။" ​ဒေါက်တာမြူ​က မြူနေရာလပ်ထဲကနေ ပန်းနုရောင်အမှုန်တွေ ထည့်သွင်း
ထားတဲ့ ဖန်ပုလင်းလေးတစ်လုံးကို ထုတ်လိုက်ပြီး အဖုံးကိုဖွင့်လိုက်တယ်။ ထူးခြားတဲ့ ပန်းသင်းရနံတစ်ခုက ဘုရားကျောင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး တစ်မြို့လုံးကိုပါ စတင်ပြန့်နှံလာနေပါတယ်။

အဲဒီနောက်တော့ ဒေါက်တာမြူက ဖန်ပုလင်းကို ကလေးမလေးနှစ်ယောက်ရှိနေတဲ့ နေရာဆီလှမ်းပစ်လိုက်တယ်။

သတိအနေအထား​နဲ့ရှိနေတဲ့ အယ်လိုဟင်က အဲဒီဖန်ပုလင်းကို သေနတ်နဲ့ပစ်လိုက်ပေမဲ့ ပန်းရောင်ဝတ်ဆန်တွေကို လေထဲမှာပြန့်သွားအောင်လုပ်သလိုဖြစ်သွားပြီး သူတို့ကိုယ်ပေါ်ကို ကပ်ညိသွားတယ်။

တစ်ချိန်တည်းမှာပဲ အားကိုင်းဂါမီအပါအဝင် တိုက်ပွဲအတွင်းမှာရှိနေတဲ့ လူတွေအားလုံးက အန္တရာယ်အငွေ့အသက်ကို ရလိုက်ပါတယ်။

"မင်း...ဘာတွေကြံနေတာလဲကွ..." အားကိုင်းဂါမီက အော်ဟစ်လိုက်ပြီး သူ့မီးလျှံတွေအားကိုးနဲ့ ရှေ့ကို ထိုးတက်ဖို့လုပ်ပေမဲ့ ရုတ်တရက် သူ့ခန္ဓာကိုယ်ပေါ်က ကျိန်စာအမှတ်တွေဟာ ပိုပြင်းထန်လာတဲ့အတွက် မီးတောက်တွေငြိမ်းသွားပြီး မြေပေါ်ကို ဒူးထောက်ကျသွားတယ်။

I just Wanna be Hero not HeroineWhere stories live. Discover now