V4 Chapter 32

83 13 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V4 Chapter 32 - အန်းနပ်စ်

မြူနယ်မြေထဲမှာ ဖြစ်နေသမျှအဖြစ်အပျက်တွေကို အစည်းအဝေးမစခင် ကွန်ဂရက်ခန်းထဲမှာ ပြသနေတယ်။ ကွန်ဂရပ်ခန်းမက တော်တော်လေးကျယ်ပြီး လူတစ်ထောင်ဆန့် ရုပ်ရှင်ရုံကြီးတစ်ခုစာလောက်ကို ရှိပါတယ်။ ဒါပေမဲ့ မှောင်မည်းနေတဲ့ ဒီခန်းမကြီးထဲမှာ လူငါးဆယ်လောက်ပဲရှိနေပြီး ကျိုးတိုးကျဲတဲခုံတချို့ပေါ်မှာ တစ်ယောက်နဲ့တစ်​ယောက် ခပ်ခွာခွာထိုင်နေကြတယ်။

ဒီနေရာကို တက်ရောက်ခွင့်ရတဲ့သူတွေက ကမ္ဘာအနှံက ထိပ်သီးဗီလိန်တွေပဲဆိုတာတော့ ယုံမှားစရာမရှိဘူး။ ဒီမှာရှိနေတဲ့ လူတိုင်းက အနည်းဆုံး B+ rank မှာရှိနေတဲ့သူတွေချည်းပဲ။

အခုဆိုရင် လူတော်တော်စုံနေပြီလို့ ပြောနိုင်ပြီဖြစ်ပြီးတော့ အဓိကအဖွဲ့ကြီးတွေအားလုံးကိုကိုယ်စားပြုမယ့် ကိုယ်စားလှယ်တွေရောက်နေပါပြီ။ အားလုံးထဲမှာ အထင်ရှားဆုံးကတော့ ဆေးရွက်ကြီးလိပ်ကြီးကိုခဲထားပြီး အဲကွန်းခန်းထဲမှာ မီးခိုးတွေမှုတ်ထုတ်နေတဲ့ ကြေးစားစစ်တပ်က လော့ဒ်မာရှယ်ပါ။

သူက ဗီလိန်တွေကြားထဲမှာ အတော်လေးဩဇာရှိသူလို့ ပြောရပါမယ်။ သူ့စွမ်းအားက မြူတန့်သိပ္ပံရဲ့ရှေ့မှာ ဘာမှမဟုတ်တဲ့ A rank ဆိုပေမဲ့လည်း သူ့နောက်မှာတော့ တိုင်းပြည်တစ်ပြည်ကိုတောင် ပြာချပစ်နိုင်တဲ့ စစ်တပ်ကြီးတစ်ခုရှိနေတာပါ။ မြူတန့်သိပ္ပံတွေက တစ်ယောက်ချင်းအားနဲ့ကြွယ်တဲ့အချိန်မှာတော့ ကြေးစားစစ်တပ်က အဖွဲ့အစည်းအားနဲ့ကြွယ်တယ်။

ဒါကြောင့်လည်း သူတို့ရဲ့အဖွဲ့ကို ကမ္ဘာ့ဒုတိယအင်အားကြီးလို့ သတ်မှတ်ကြတာပေါ့။ သူက ဒေါက်တာမြူတစ်ယောက် ဟီးရိုးတွေကို ဒိုင်မေးရှင်းအခွဲတွေထဲထည့်ပြီး အကြိုက်သိပ်နေတာတွေ့တော့ ဟပ်ဟပ်ပတ်ပတ်ထရယ်တယ်။

"ဟားဟား... ဗီလိန်ကွန်ယက်ထဲဝင်ပြီး ငါတို့ဟန်ဆောင်သွားတာ ဒီကောင်တွေထဲက တစ်ယောက်ယောက်ပဲနေမှာပေါ့။ အခုလိုခံနေရတာကို မြင်နေရတော့ စိတ်ထဲပေါ့သွားတာပဲ။"

  ဟီးရိုးအဖွဲ့တွေအနေနဲ့ သူတို့အစည်းအဝေးလုပ်မယ့်တည်နေရာကို သိဖို့ဆိုရင် ဗီလိန်ကွန်ယက်ထဲ ခိုးဝင်မှပဲ ဖြစ်မှာပါ။ အခုတော့ ဟီးရိုးတွေဒီရောက်လာပြီဖြစ်တဲ့အတွက် ခိုးဝင်လာတဲ့ကောင်တွေက အဲဒီအုပ်စုထဲကဆိုတာကို ကြေညာမောင်းခတ်လိုက်သလို ဖြစ်သွားတယ်။

I just Wanna be Hero not HeroineWhere stories live. Discover now