V3 Chapter 42

103 17 1
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V3 Chapter 42 - ဖလေရာတော့ အချစ်ရူးရူးနေပြီ

ဖရက်မှာ စတိုင်ကျကျ ဘဏ္ဍာစိုးဝတ်စုံကိုဝတ်ထားရပြီး မနေတတ်မထိုင်တတ်ဖြစ်နေသည်။

သူတို့ရောက်နေသည့်နေရာက အတော်လေးထူးခြားသည့်နေရာဖြစ်သည်ဟု ဆိုရာမည်ဖြစ်ပြီး လှတပတမိန်းကလေးများက အိမ်စေမလေးဝတ်စုံများကို ဆင်တူဝတ်ထားကြပြီး ဆိုင်သို့လာရောက်စားသောက်ကြသူများအတွက် အကောင်းဆုံးဧည့်ခံပေးနေကြ၏။

မှန်ပေသည်၊ သူအခုရောက်နေသည့်နေရာက အိမ်စေကဖေးပါ။ ပြီးတော့ သူက တံခါးဝမှာရပ်ပြီး ဧည့်ကြိုလုပ်နေရတယ်။

"ဟေး၊ ဒီအပေါက်ဝက အစ်ကိုကြီးကိုကြည့်ဦး။ Will Smithငယ်ငယ်ကနဲ့မတူဘူးလား။ အစ်ကိုကြီး၊ ဓာတ်ပုံတွဲလိုက်လို့ရမလား။"

ပုံမှန်အားဖြင့် အိမ်စေကဖေးဆိုင်များသို့ ယောက်ျားလေးများသာ လာတတ်သော်လည်း အခုတော့ ခပ်ချောချောဘဏ္ဍာစိုးတစ်ယောက် အပေါက်ဝမှာရပ်စောင့်နေသဖြင့် မိန်းကလေးများပါ စိတ်ဝင်တစားဖြင့် စားစရာများဝင်မှာနေကြသည်။

ဆိုင်ငွေသိမ်းကောင်တာတွင်တော့ ဘုရင်ကြီးတစ်ပါးလိုထိုင်နေသည့် သားရေဘွတ်ဖိနပ်၊ ငှက်မွှေးထိုးဦးထုပ်နှင့်ကြောင်နက်ကြီးကို တွေ့နိုင်ပေ၏။

"အဲဒါပဲ ကောင်လေးရ၊ ယောက်ျားလေးတစ်ယောက်မှာ ရုပ်ရည်ယူပကာချောမောဖို့ထက် အရေးကြီးတာက ဩဇာကြီးမားတဲ့ရုပ်မျိုးရှိဖို့ပဲ။ ငါ့ကိုကြည့်၊ ငါ​က ဘုရင်ကြီးတစ်ပါးလိုထိုင်နေတုန်း မင်းက ဘဏ္ဍာစိုးလုပ်နေရတာလေ။"

တကယ်လည်း ဆရာကြောင်ကို အိမ်စေမလေးနှစ်ယောက်က ဘုရင်ကြီးတစ်ပါးလိုမျိုး သားမွှေးတွေကို သေသေသပ်သပ်ဖြစ်အောင် ဖြီးသင်ပေးလိုက်၊ ညောင်းမှာစိုးသဖြင့် ဇက်ကြောဆွဲပေးလိုက်နှင့် ဇိမ်ကျနေပေသည်။

"ဒီကြောင်ကို စွမ်းအားကြီးလို့ အားကိုးရမယ်ထင်ထားတာ၊ တန်တော့ နှာဘူးကျပြီးကြွားတတ်တဲ့ ငနှဲဖြစ်နေတာပဲ။" ဖရက်က အိမ်စေမလေးများကိုစနေသော ကြောင်သခင်ကြီးကို မကြည်သလိုတစ်ချက်ကြည့်လိုက်၏။ သူကျတော့ ဘာလို့ဒီလိုအခွင့်အရေးမျိုးမရဘဲ အလှပြတဲ့အရုပ်လိုမျိုး ဒုက္ခခံနေရတာလဲ ဖရက်နားမလည်။

I just Wanna be Hero not HeroineWhere stories live. Discover now