Chapter 24

326 44 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
Chapter 24- မက်ဒါနာက တကယ်ပဲအနေအထိုင်မတတ်ဘူး

အမိုးဖွင့်ဇိမ်ခံကားအနီလေးတစ်စင်း အိမ်ရာဝင်းအတွင်းသို့ ဝင်ရောက်လာသည်။ သို့သော် ကားပေါ်ကလူကတော့ ယိုင်တိယိုင်တိုင်။ နောက်ဆုံးမှာတော့ အိမ်ရာဝင်းထဲက လုံခြုံရေးစက်ရုပ်လေးကို ဝင်တိုက်ပစ်လိုက်တယ်။

"သတိ...သတိ... တိုက်ခိုက်ခံရပြီ... ရဲစခန်းကို အလိုအလျောက်အကြောင်းကြားမည်။"

တင်မီဟာ တက္ကသိုလ်တက်နေရပြီ။ ဒါပေမဲ့ အချိုးကတော့ နည်းနည်းလေးမှမပြောင်းဘူး။ အဒေါ့်ရည်းစားရဲ့ကားကို အမြဲခိုးပြီးမောင်းတယ်။ ပြီးရင် ဟန်းအိုဘာထဲကလိုမျိုး တစ်လောကလုံး ပတ်မွှေတော့တာပဲ။

တင်မီဘီယာ​ပုလင်းကိုဖောက်ရင်း ကားပေါ်ကဆင်းလိုက်တယ်။ ဒီနေ့သူငွေရွှင်နေတယ်။ စူပါဟီးရိုးဇာတ်ကားတစ်ကားရိုက်ဖို့ သူစာချုပ်ချုပ်ခဲ့ရတယ်။ ပြီးတော့ သရုပ်ဆောင်ရမယ့်နေရာက အဓိကဇာတ်လိုက်ပါ။ ဇာတ်ကားနာမည်ကတော့ Silver Knightတဲ့။ Silver Knightဆိုတာက အခုခေတ်နယူးယောက်မှာ မသိသူမရှိတဲ့ လိုင်စင်မဲ့ဟီးရိုးကြီး။ C အဆင့်ဆိုပေမဲ့ Bအဆင့်တွေထက် နာမည်ကြီးတယ်။ ဒီတော့ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတွေက သူ့အကြောင်းကိုရိုက်ဖို့ သည်းသည်းလှုပ်နေကြတာ။ ဒါပေါ့၊ ဇာတ်ညွန်းကတော့ အတုကြီး။ Silver Knight ဘယ်သူလဲဆိုတာကို FBIတောင် မသိတဲ့ဥစ္စာကို။

လူငယ်လေးဟာ ယိုင်တိယိုင်တိုင်နဲ့ သူ့အိမ်ဖက်ကို လျှောက်လာတယ်။ အိမ်ရှေ့ကိုရောက်တော့ ခြံတံခါးသော့ရှာရင်း ခေါင်းရင်းအိမ်ကို လှမ်းကြည့်မိတယ်။ တင်မီဟာ သူ့ဦးလေးရဲ့ခေါင်းရင်းအိမ်ကို အလှလေးတွေဝင်လေ့ထွက်လေ့ရှိတာသိတယ်။ ပြောရရင် သူမနာလိုရလောက်အောင် ချောမောတဲ့ ဘဏ္ဍာစိုးသုံးကောင်ရယ် အမြဲတမ်း​ ပြောင်းလဲနေတတ်တဲ့ အိမ်ရှင်လှလှလေးတွေရယ်ကို ရင်းနှီးနေပြီးသား။ အိမ်ရာဝင်းထဲပြန့်နေတဲ့ ကောလာဟလတချို့တောင်ရှိသေးတယ်။ အဲဒီငနှဲသားသုံးကောင်က သွေးစုပ်ဖုတ်ကောင်တွေဖြစ်နေပြီး အိမ်ရှင်မိန်းကလေးတွေကို သွေးစုပ်နေတာတဲ့။

I just Wanna be Hero not HeroineWhere stories live. Discover now