ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V2 Chapter 5 - ဒဏ္ဍာရီထဲက ပန်ဒရာဂွန်မက်ဒါနာ လောင်းအိုက်စတန်ဘက်က ပြန်လာတော့ တော်တော်နောက်ကျနေပြီ။ ဒါပေမဲ့ ကွင်းစ်ကို ပြန်လာတာမဟုတ်ပါဘူး။ မက်ဟန်တန်ကို သွားတာပါ။ မက်ဒါနာရဲ့တစ်နေ့တာ ကင်းလှည့်ခရီးစင်က ကွင်းစ်ကနေစပြီး မက်ဟန်တန်မှာ အဆုံးသတ်လေ့ရှိတယ်။ လောင်းအိုက်စလန်နဲ့ မက်ဟန်တန်က ကားစီးသွားရင် တစ်နာရီကျော်ကြာပါတယ်။ ဒါပေမဲ့ မက်ဒါနာမှာက စီးတော်ခွေးကြီး စေဘာစတိန်းရှိတယ်လေ။ လမ်းပိတ်မှာကို ပူစရာမလိုတော့ ကားနဲ့သွားတာထက် နည်းနည်းပိုမြန်ပြီး တစ်နာရီတောင်မပြည့်ပါဘူး။
မက်ဒါနာရဲ့နေ့စဥ်ကင်းလှည့်ခရီးက မနက်ပိုင်း ၈ နာရီမှာစပြီး ကွင်းစ်ကနေ အရှေ့ဖက်ကိုသွားပြီး ဂရင်းစီးတီးနဲ့ဘေးကမ်းခြေကို ဖြတ်သွားပြီးလောင်းအိုက်စတန်မှာ အဆုံးသတ်ပါတယ်။ ခါတိုင်း နေ့လယ် ၁၁ နာရီအမီ ကွင်းစ်ကိုပြန်ရောက်ပြီး ခနနားတယ်။ နေ့ခင်းပိုင်း ၁ နာရီကျော်ရင်တော့ နေ့လယ်ပိုင်းကင်းလှည့်တာစပြီး ကွင်းစ် အနောက်ဖက်က နယူးယောက်မြို့လယ်ကိုသွားပါတယ်။ ပြီးရင် မြောက်ပိုင်းကိုဆန်တက်ပြီး မက်ဟန်တန်မှာ ရပ်တယ်။ ညနေ ၄ နာရီဆိုရင်တော့ ကွင်းစ်ကိုပြန်လာပြီး တစ်နေ့တာဟီးရိုးအလုပ်ကိုအဆုံးသတ်ပါတယ်။ ပြောရရင် နယူးယောက်မြို့နယ်တစ်ခုလုံးကို ကင်းမလှည့်ပါဘူး။ လှည့်စရာလည်း မလိုဘူးပြောရမှာပါ။ ကျန်တဲ့နယ်မြေအစိတ်အပိုင်းတွေကို နယူးယောက်ဟီးရိုးအစည်းအရုံးကိုပဲ တာဝန်လွှဲထားလိုက်တယ်။ အရေးကြီးကိစ္စတစ်ခုခုရှိမှ အပြေးသွားပါတယ်။ မဟုတ်ရင် အလုပ်ပိပြီး သေသွားနိုင်တယ်လေ။
ဒါတောင် တခြားဟီးရိုးဆိုရင် ကွင်းစ်ဆို ကွင်းစ်တစ်မြို့တည်းပဲ တာဝန်ယူတာပါ။ သူတို့အနေနဲ့ မြို့တစ်မြို့တည်းကိုတောင် မနည်းတာဝန်ယူရတယ်။ မက်ဒါနာကတော့ ရှိသမျှ CCTV တွေကနေ စောင့်ကြည့်နိုင်တာကြောင့် အများကြီး အချိန်ကုန်သက်သာပြီး မြို့များစွာကို တာဝန်ယူနိုင်ပါတယ်။
ဒါပေမဲ့ ဒီနေ့ကတော့ အချိန်ပိုဆင်းနေရတယ်ပြောရမှာပါ။ ရုရှားမာဖီးယားဂိုဏ်းကြောင့် နည်းနည်းအလုပ်ရှုပ်သွားပြီး ပြန်လာတာနောက်ကျတဲ့အတွက် ကွင်းစ်မှာဝင်မနားတော့ဘဲ နယူးယောက်နဲ့မက်ဟန်တန်ကို တန်းလာခဲ့ရတယ်။ မက်ဟန်တန်ရောက်တော့ ညနေငါးနာရီခွဲနေပြီ။
YOU ARE READING
I just Wanna be Hero not Heroine
Teen Fiction"ဘုရားသခင် ငါ့ရှေ့ကိုလာခဲ့စမ်းပါ။ ငါမင်းကို နုပ်နုပ်စင်းပစ်ချင်လို့ပါ။ ငါက သိပ်လှတဲ့ ချစ်သူလိုချင်တာဟ။ သိပ်လှတဲ့ ကောင်မလေးဖြစ်ချင်တာမဟုတ်ဘူး။" မင်းလွင်ဟာ အမြဲတမ်း စူပါဟီးရိုးဇာတ်ကားတွေထဲကလို အစွမ်းရှိဟီးရိုးတစ်ယောက် ဖြစ်ချင်သူပေါ့။ ဒါပေမဲ့ စိတ်ကူးက...