ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V4 Chapter 48 - သစ္စာဖောက်အာကိုင်းဂါမီက လေထုထဲမှာပဲ သူ့ဟန်ချက်ကို ထိန်းလိုက်တယ်။ အန်းနပ်စ်ကလည်း နောက်ကနေ ခုန်ပြီးလိုက်လာတဲ့အတွက် မီးလှံတံကို ချက်ချင်းဖန်တီးလိုက်ပြီး ခုခံဖို့ ကြိုးစားရပြန်တယ်။ ဒါပေမဲ့ အန်းနပ်စ်ရဲ့နောက်လက်သီးချက်ကို တားနိုင်ရုံပဲရှိပြီး တစ်ခါတည်း လွင့်ထွက်သွားတော့တယ်။
ဘုန်း....။
အာကိုင်းဂါမီဟာ မြေပြင်ပေါ်မှာ မီတာနဲ့ချီအောင် တရွတ်တိုက်ဆွဲသွားပြီး ဧရာမစွတ်ကြောင်းရာကြီးကို ဖြစ်ပေါ်လာစေတယ်။ သူ့နှုတ်ခမ်းထောင့်ကနေ သွေးတချို့စီးကျလာပေမဲ့ သူ့ကိုဝန်းရံထားတဲ့ မီးကြာပန်းတွေကို ချက်ချင်းတိုက်ခိုက်ဖို့ အမိန့်ပေးလိုက်တယ်။
ရွှေရောင်မီးတောက်တွေက မီးကြာပန်းကနေ ပန်းထွက်လာပြီး အန်းနပ်စ်ရဲ့ရင်ဘတ်ကို ထိမှန်တယ်။ ဒါပေမဲ့ အန်းနပ်စ်ကတော့ ဘာမှမဖြစ်သလိုမျိုး ရှေ့တက်လာနေဆဲပါ။
"ဒီကောင်က ထင်တာထက်ပိုပြီး အားသန်နေတာပဲ။" အာကိုင်းဂါမီက မီးလှံတံတွေ တစ်ချောင်းပြီးတစ်ချောင်း ဖန်တီးပြီးတော့ အန်းနပ်စ်ကို လှမ်းပစ်ပေမဲ့ တစ်ခုမှအရာမထင်ဘူး။ သူ့မီးတောက်တွေကြောင့် ကျွန်းတစ်ဝက်နီးပါး ပျက်စီးနေပြီဖြစ်ပေမဲ့ အန်းနပ်စ်ကတော့ အရာတောင်မထင်ဘူး။
"သေစမ်း..." အန်းနပ်စ်အနားကိုရောက်လာတဲ့အတွက် ကိုင်းတိုကျိန်ဆဲလိုက်တယ်။ ဧရာမဇီဝစက်ရုပ်ကြီးက ကိုင်းတိုရဲ့ချောင်းကို ဆုပ်ကိုင်ဖို့ ကြိုးစားပေမဲ့ ကိုင်းတိုရဲ့ကျောနောက်မှာ မီးတောင်ပံတွေထွက်လာပြီး ချက်ချင်းရှောင်ရှားလိုက်တယ်။
နောက်ထပ်ချက်ချင်းဆိုသလိုပဲ ကျောကနေ နောက်ထပ် အတောင်ပံနှစ်စုံထွက်လာပြီး တောင်ပံခြောက်ဖက်နဲ့ မီးနတ်သားအသွင်က ထပ်မံဖြစ်ပေါ်လာပြန်တယ်။
"မင်းဘယ်လောက်ထိ အကြမ်းခံမလဲ ကြည့်ကြသေးတာပေါ့။" အဲဒီနောက် ကိုင်းတိုရဲ့လက်ကို မီးတောက်တွေဖုံးလွှမ်းသွားပြီး မီးလက်ကြီးအဖြစ်ပြောင်းသွားတယ်။ ဒါတင်မကသေးဘဲ မီးလက်ကြီးက ဧရာမမီးလျှံကာတာနာတစ်ချောင်းကိုလည်း ကိုင်ထားပါသေးတယ်။
YOU ARE READING
I just Wanna be Hero not Heroine
Teen Fiction"ဘုရားသခင် ငါ့ရှေ့ကိုလာခဲ့စမ်းပါ။ ငါမင်းကို နုပ်နုပ်စင်းပစ်ချင်လို့ပါ။ ငါက သိပ်လှတဲ့ ချစ်သူလိုချင်တာဟ။ သိပ်လှတဲ့ ကောင်မလေးဖြစ်ချင်တာမဟုတ်ဘူး။" မင်းလွင်ဟာ အမြဲတမ်း စူပါဟီးရိုးဇာတ်ကားတွေထဲကလို အစွမ်းရှိဟီးရိုးတစ်ယောက် ဖြစ်ချင်သူပေါ့။ ဒါပေမဲ့ စိတ်ကူးက...