ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V2 Chapter 44 - ပြင်ပက လာသောဂြိုဟ်"အဲဒါက လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ကျော်လောက်က စတင်ခဲ့တာ။"
ပုရွက်ဆိတ်ဘုရင်မကြီးက ပေါက်နေသော ဂူအမိုးကို မော့ကြည့်လိုက်သည်။ လရောင်က ဂူအမိုးအပေါက်ကိုဖြတ်ကာ ဂူအတွင်းသို့ ဖြာကျလျက်ရှိသည်။
"လွန်ခဲ့တဲ့နှစ်တစ်ထောင်တုန်းက ငါတို့တွေအားလုံးက သာမန်ပုရွက်ဆိတ်တွေပါပဲ။ အေးစိမ့်တဲ့ ဒီဂူထဲမှာ ငါတို့အသိုက်ကို ဖွဲ့ပြီးနေကြတယ်။ ငါတို့တွေလည်း တခြားပုရွက်ဆိတ်တွေနဲ့ ဘာမှမထူးခြားခဲ့ဘူး။ ဒါပေမဲ့ တစ်ညတော့ ငါတို့ဂူထဲကို ကောင်းကင်ပေါ်ကနေ ဥက္ကာပျံကြီးတစ်ခု ကျဆင်းလာခဲ့တယ်လေ။ အဲဒီဥက္ကာပျံကြီး မြေပေါ်ကိုကျဆင်းလာတော့ ဂူကြီးတစ်ခုလုံးရဲ့အပူချိန်က ရုတ်ချည်းမြင့်တက်လာတယ်။ ငါတို့တွေအားလုံး သေပြီလို့ထင်ခဲ့ပေမဲ့ နိုးလာတဲ့အချိန်မှာတော့ တခြားပုရွက်ဆိတ်တွေထက် ကြီးနေခဲ့ပြီလေ။"
ဖရာလီတာက စဥ်းစားရကျပ်စွာနဲ့ မေးလိုက်တယ်။
"နေပါဦး၊ ရှင်ပြောတဲ့အတိုင်းဆိုရင် အဲဒီအချိန်ကိုပါ ရှင်မီခဲ့သလိုပဲ။ ပုရွက်ဆိတ်တွေရဲ့သက်တမ်းက အမြင့်ဆုံး ၄နှစ်ပဲရှိတာလေ။ ရှင်က ဘယ်လိုလုပ်ပြီး ခုချိန်အထိ အသက်ရှင်နေသေးတာလဲ။"ပုရွက်ဆိတ်ဘုရင်မပြောနေတဲ့ စကားတွေက သူ့အတွက် နားလည်ရခက်လွန်းနေတယ်လေ။ ဖရာလီတာရဲ့အမေးကို ပုရွက်ဆိတ်ဘုရင်မက စိတ်မဆိုးဘူး။ ဒါပေမဲ့ ဝမ်းနည်းမှုတွေတော့ ရောဆွတ်လာပုံပါပဲ။
"ဗီဇပြောင်းသွားတဲ့ ပုရွက်ဆိတ်တွေရဲ့သက်တမ်းက အဆနှစ်ဆယ်မက အသက်ရှည်လာခဲ့တယ် ကလေးမ။ ငါတို့က မင်းတို့လူသားတွေနဲ့သက်တမ်းအတူတူပဲ။ ဘုရင်မဖြစ်တဲ့ငါ့အတွက်ကတော့၊ ငါကိုယ်တိုင်ရဲ့အဆုံးသတ်ကိုတောင် ငါမသိဘူး။ ပြောင်းလဲမှုအတွင်းမှာ အခြားသတ္တဝါတချို့လည်း ကောင်းချီးရခဲ့ကြတယ်။"
နောက်ဆက်ပြောတဲ့ ပုရွက်ဆိတ်ဘုရင်မရဲ့စကားတွေကြောင့် မက်ဒါနာဟာ သူ့ကိုယ်သူ Man from Earth ဇာတ်ကားကို ကြည့်နေရတယ်လို့တောင် ခံစားလာမိတယ်။ ဒါပေမဲ့ အုပ်စုလိုက် သက်တမ်းတွေရှည်ကုန်တဲ့ ပုရွက်ဆိတ်အုပ်အကြောင်း သူတို့နားထောင်နေရတာ။
YOU ARE READING
I just Wanna be Hero not Heroine
Teen Fiction"ဘုရားသခင် ငါ့ရှေ့ကိုလာခဲ့စမ်းပါ။ ငါမင်းကို နုပ်နုပ်စင်းပစ်ချင်လို့ပါ။ ငါက သိပ်လှတဲ့ ချစ်သူလိုချင်တာဟ။ သိပ်လှတဲ့ ကောင်မလေးဖြစ်ချင်တာမဟုတ်ဘူး။" မင်းလွင်ဟာ အမြဲတမ်း စူပါဟီးရိုးဇာတ်ကားတွေထဲကလို အစွမ်းရှိဟီးရိုးတစ်ယောက် ဖြစ်ချင်သူပေါ့။ ဒါပေမဲ့ စိတ်ကူးက...