ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V3 Chapter 12 - အရှေ့အရပ်မှ နေဝန်းထွက်ပေါ်လာချေပြီနေမွန်းတည့်ချိန် ကျော်လာခဲ့ပါပြီ။
ဟီးရိုးအစည်းအရုံးက ကြိုးစားဆောင်ရွက်နေပေမဲ့ သောင်းကျန်းနေတဲ့ မြူတန့်အားလုံးကို ဖမ်းဆီးနိုင်ဖို့ကတော့ အိပ်မက်လိုဖြစ်နေဆဲပါ။
စဖြစ်တဲ့အချိန်ကနေ ရေတွက်မယ်ဆိုရင် နှစ်နာရီကျော်လာခဲ့ပါပြီ။ အွန်လိုင်းပေါ်မှာလည်း အခုကိစ္စနဲ့ပတ်သက်ပြီး ဆူညံ့ပွတ်လောရိုက်နေပြီး အကြောက်တရားက ဂျပန်တစ်နိုင်ငံတည်းတင်မဟုတ်ဘဲ တစ်မြို့လုံးကိုပါ ကူးစက်သွားခဲ့တယ်။
ဂျပန်အစိုးရက ဒီဖြစ်စဥ်ကို မြူတန့်သိပ္ပံအဖွဲ့အစည်းကြောင့် ဖြစ်ရတယ်လို့ ကြေညာပြီးသွားပါပြီ။ အရင်တစ်ခါ နယူးယောက်မြို့ဖြစ်စဥ်နဲ့ ဆက်စပ်မိပြီးတဲ့အခါမှာတော့ မြူတန့်သိပ္ပံအဖွဲ့ဟာ မြူတန့်တွေကို ခွေးရူးတွေလိုမျိုး ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်တစ်မျိုးဖန်တီးနေကြောင်း အရူးတောင်မှသိနိုင်ပါတယ်။
ချက်ချင်းဘဲ သာမန်လူတွေရဲ့မြူတန့်တွေအပေါ်အမြင်က ပြောင်းလဲသွားကြတယ်။
စိတ်ဖောက်နေတဲ့ အားအနည်းဆုံးမြူတန့်ကတောင် သာမန်လူတွေအများကြီးကို တစ်ပြိုင်နက်တည်း သတ်နိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဒေါက်တာစမစ်ရဲ့ Homo spiens Meta အယူအဆက နောက်တစ်ကြိမ် ပေါက်ကွဲထွက်လာပြန်တယ်။
"မြူတန့်တွေက လူသားတွေမဟုတ်ဘူး၊ သူတို့တွေက သာမန်လူတွေကို ထိခိုက်စေနိုင်တယ်။" လူတစ်ယောက်က စပြီးPostတင်လိုက်တာနဲ့ တစ်ကမ္ဘာလုံးကလူတွေက အဲဒီPostကို ရှဲလ်ကျ၊ မှတ်ချက်တွေပေးကြနဲ့ ဖြစ်ကုန်ပါတယ်။
မြူတန့်တွေကို လူသားတွေမဟုတ်နိုင်ဘူးလို့ မြင်လာရတဲ့အကြောင်းက အဲဒီဗိုင်းရပ်မြူမှုန်တွေဟာ သာမန်လူတွေအပေါ် နည်းနည်းလေးမှ သက်ရောက်မှုရှိခဲ့လို့ပါ။
လူတွေက သူတို့မြင်ချင်တဲ့အရာကိုမှ အမှန်လို့ထင်ကြသူတွေချည်းပါပဲ။ ဘယ်ပညာရှင်တွေက ဘယ်လိုရှင်းပြရှင်းပြ သူတို့ယုံကြမှာမဟုတ်တော့ဘူး။
YOU ARE READING
I just Wanna be Hero not Heroine
Teen Fiction"ဘုရားသခင် ငါ့ရှေ့ကိုလာခဲ့စမ်းပါ။ ငါမင်းကို နုပ်နုပ်စင်းပစ်ချင်လို့ပါ။ ငါက သိပ်လှတဲ့ ချစ်သူလိုချင်တာဟ။ သိပ်လှတဲ့ ကောင်မလေးဖြစ်ချင်တာမဟုတ်ဘူး။" မင်းလွင်ဟာ အမြဲတမ်း စူပါဟီးရိုးဇာတ်ကားတွေထဲကလို အစွမ်းရှိဟီးရိုးတစ်ယောက် ဖြစ်ချင်သူပေါ့။ ဒါပေမဲ့ စိတ်ကူးက...