ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V3 Chapter 14 - ဒေါက်တာယွန်းလူကန်က သူ့ရဲ့ပုံရိပ်ယောင်ဓားနဲ့ သူ့ကိုယ်သူ ပတ်ဝန်းကျင်နဲ့ တစ်သားတည်းဖြစ်အောင် ပုံပြောင်းလိုက်တယ်။ Dr.Soulက ဒီအခန်းထဲကနေ လောလောဆယ် ထွက်သွားဦးမယ့်ပုံမပေါ်ဘူး။ ဖက်တီးဖရန့်ကို ခွဲစိပ်ပြီးမှ ကျေနပ််မယ့်ပုံ။
ဒီတော့ သူ့အနေနဲ့ဖရန့်ကိုကယ်ဖို့ဆိုရင် Dr.Soulကို အရင်ဆုံးအနိုင်ပိုင်းရမှာပဲ။ ဒါပေမဲ့ သူ့ရဲ့ရာဇဝင်ဓားတွေ ဘယ်လိုပဲစွမ်းစွမ်း အကန့်အသတ်တွေက များလွန်းတယ်။ အခုသူသုံးနေတဲ့ ပုံရိပ်ဓားကိုပဲကြည့်၊ ပုံရိပ်ယောင်တွေကလွဲရင် ဘာတိုက်စစ်စွမ်းအားမှမရှိဘူး။ မိုယဲ့နဲ့ကျင့်ခယ်က တော်တော်လေးစွမ်းကြပေမဲ့ သူ့စွမ်းအားလောက်နဲ့ အချိန်အကြာပြီးထုတ်မသုံးနိုင်ဘူး။
ဒါကြောင့် သူတစ်ချက်တည်းနဲ့ Dr.soulကို သေအောင်လုပ်ကြံနိုင်ဖို့လိုတယ်။ S rankဖြစ်တဲ့ Dr.soulကို အချိန်အကြာကြီးယှဥ်ချတာက အကြံကောင်းမဟုတ်ဘူးလေ။
လူကန်က ပုံရိပ်ဓားကို လက်တစ်ဖက်က ကိုင်ထားရင်း အခြားလက်တစ်ဖက်က ဘောင်းဘီအိတ်ထဲ အသာလက်နှိုက်လိုက်တယ်။ ပုံရိပ်ဓားက အမြင်ကို လှည့်စားနိုင်ပေမဲ့ အသံတွေကိုတော့ ဖုံးကွယ်မပေးနိုင်ဘူး။
Dr.Soulကတော့ သူ့မျက်နှာနဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို လဲဂိုရုပ်လိုမျိုး စိတ်ကြိုက်ဖြုတ်လိုက်တပ်လိုက် လုပ်လို့ကောင်းနေတုန်း။
ဖရန့်ကလည်း ကြောက်အားလန့်အားနဲ့ အော်ဟစ်နေဆဲပဲ။ "ငါ့ကိုလွှတ်... ငါက အဆီများပြီးအသားခါးတယ်။ မင်းငါ့ကို ဝက်ပေါ်သလိုပေါ်ပြီး စားလို့မရဘူး။"
အဲဲဒီစကားကြောင့် Dr.soul တော်တော့စိတ်အနှောင့်အယှက် ဖြစ်သွားပုံပဲ။ ချက်ချင်းနောက်လှည့်ကြည့်ပြီး အော်ဟစ်လိုက်တယ်။ ဖက်တီးဖရန့်ရဲ့ဆေးရုံကုတင်နဲ့Dr.soulကြားမှာ လူကန်ရှိနေတာကြောင့် လူကန်ဟာ အဲဒီမျက်နှာကြီး သူနဲ့မတိုက်မိအောင် နောက်ကို ခြေနှစ်လှမ်းလောက် တိတ်တိတ်လေး ဆုတ်လိုက်ရလေရဲ့။
"တိတ်တိတ်နေ၊ ဘယ်သူက မင်းလိုပုံဆိုးပန်းဆိုးကြီးကို ခွဲစိပ်မယ်ပြောနေလို့လဲ။ ငါက မင်းဆုဗာနာမှာထုတ်ပြခဲ့တဲ့ အရာကိုပဲလိုချင်တာ။ အဲဒီအရုပ်ကလေးလိုလှတဲ့ကောင်မလေးက မင်းခန္ဓာကိုယ်ထဲမှာမဟုတ်လား။"
YOU ARE READING
I just Wanna be Hero not Heroine
Teen Fiction"ဘုရားသခင် ငါ့ရှေ့ကိုလာခဲ့စမ်းပါ။ ငါမင်းကို နုပ်နုပ်စင်းပစ်ချင်လို့ပါ။ ငါက သိပ်လှတဲ့ ချစ်သူလိုချင်တာဟ။ သိပ်လှတဲ့ ကောင်မလေးဖြစ်ချင်တာမဟုတ်ဘူး။" မင်းလွင်ဟာ အမြဲတမ်း စူပါဟီးရိုးဇာတ်ကားတွေထဲကလို အစွမ်းရှိဟီးရိုးတစ်ယောက် ဖြစ်ချင်သူပေါ့။ ဒါပေမဲ့ စိတ်ကူးက...