V4 Chapter 40

103 12 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V4 Chapter 40 - လရောင်အောက်က ဆုံတွေ့မှု

မက်ဒါနာတို့အုပ်စုက ပင်လယ်ကမ်းစပ်မှာ ဆင်းလိုက်တယ်။ မက်ဒါနာ၊ ​အေမီ၊ ဖရာလီတာ၊ အာကိုင်းဂါမီ၊ အယ်လိုဟင်နဲ့ ဆုဗာနာစောင့်ရှောက်သူနှစ်ဦးပဲ သူတို့အဖွဲ့မှာပါတော့တယ်။

သဲသောင်ခုံအကျော်မှာတော့ ရင်းနှီးနေတဲ့ သစ်နွယ်တံတိုင်းရှိနေတယ်။ ဒါပေမဲ့ မက်ဒါနာအရင်က မြင်ဖူးတဲ့ သစ်နွယ်တံတိုင်းထက်စာရင် အများကြီးပိုထူထဲတယ်။

ငွေရောင်စစ်သည်က အာကိုင်းဂါမီကိုလှည့်ကြည့်ပြီး ခေါင်းညိတ်ပြတယ်။ အာကိုင်းဂါမီကလည်း ခေါင်းပြန်ညိတ်ပြလိုက်ပြီး လက်ထဲမှာ ကြာပန်း မီးတောက် တစ်ခုဖန်တီးလိုက်တယ်။ အဲဲဒီနောက် သစ်နွယ်တံတိုင်းကို ပစ်ခတ်ပြီးဖောက်ခွဲပစ်ဖို့လုပ်တယ်။

ဖောက်...ဖောက်... ဖောက်....

သစ်နွယ်ထဲမှာရှိနေတဲ့ ရေငွေ့တွေ အငွေ့ပျံလာတာကြောင့် သစ်နွယ်တွေကနေ အမြုပ်တွေထလာပြီး တီကောင်တွေလို တွန့်လိန်ကာ ဗျောက်အိုးဖောက်သလို အသံတချို့ထွက်လာတယ်။ ဒါပေမဲ့ ​မီးကျွမ်းပြီး ပြုတ်ကျသွားတဲ့ နွယ်ပင်တွေနေရာမှာ အခြားနွယ်ပင်တွေက ချက်ချင်းအစားထိုးရောက်လာနေတာကြောင့် တကယ့်ကိုစိတ်ရှုပ်စရာပဲ။ အာကိုင်းဂါမီလည်း မျက်မှောင်ကြုတ်လိုက်ပြီး သူ့ကျောကနေ မီးလက်မောင်းကြီးနှစ်ခုဖန်ဆင်းကာ နွယ်တံတိုင်းကို ဆွဲဖြဲပစ်လိုက်တယ်။ လူတစ်ကိုယ်ဝင်စာအပေါက်တစ်ခုပေါ်လာပေမဲ့ အနီးအနားကနွယ်တွေက အသက်ရှိနေသလိုမျိုး သူတို့ဆီကိုပြေးလာနေပြီ။

"အခုဝင်ကြစို့..." အာကိုင်းဂါမီက သတိပေးလိုက်တာနဲ့ သူတို့အားလုံး ပွင့်နေသေးတဲ့အပေါက်ဆီ ပြေးဝင်လိုက်တယ်။ အာကိုင်းဂါမီက နောက်ဆုံးမှဝင်တာဖြစ်ပြီး အဲဲဒီနော​က်မှာတော့ သစ်နွယ်တွေက သူတို့ဝင်လာခဲ့တဲ့အပေါက်ကို ရုပ်ရှင်ဆန်ဆန် ထူထူထဲထဲ ပိတ်ဆို့သွားတယ်။

အတွင်းမှာ အလင်းရောင်မရလောက်ဘူးလို့ မက်ဒါနာထင်ထားပေမဲ့ မှားသွားတယ်။ သစ်နွယ်တွေက သိပ်ကိုမြင့်မားပေမဲ့ အမိုးခုံးအပိတ်လိုမျိုးဖြစ်​မနေဘဲ မိုးကောင်းကင်က နေရောင်ဝင်နိုင်ဖို့အတွက် ကိုလိုစီယမ်အားကစားရုံလိုမျိုး ဖွင့်ထားတယ်။

I just Wanna be Hero not HeroineWhere stories live. Discover now