V4 Chapter 6

96 15 1
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V4 Chapter 6 - အဖြူရောင်မုသား

Void Stream Full Rushဟာ အချိန်အတော်ကြာတဲ့အထိ ငွေရောင်စစ်သည်တော်ရဲ့စွမ်းအားအကြီးဆုံး တိုက်ကွက်ဖြစ်ခဲ့တာပါ။ ဒီတိုက်ကွက်ကိုသုံးပြီး အင်အားကြီးတဲ့ရန်သူတွေကိုလည်း အနိုင်ပိုင်းခဲ့ဖူးတယ်။ နောက်ဆုံး အလင်းဒြပ်မှုန်နည်းပညာကို ဖရာလီတာဆီကနေ ရပြီးတဲ့နောက်တော့ ပိုအားကောင်းတဲ့ တိုက်ကွက်တစ်ခုအဖြစ်ကို တိုး​တက်လာခဲ့ပါပြီ။

အတောင်ပံနဲ့ပေါင်းလိုက်တဲ့အခါမှာတော့ အားအဟုန်ရော ပြောင်းလွယ်​ပြင်လွယ်ဖြစ်မှုမှာပါ တိုးတက်လာတဲ့အတွက် ပိုပြီးကြောက်ဖို့ကောင်းတဲ့ ဟာရီကိန်းတိုက်ကွက်ဖြစ်လာပါတယ်။

"Hurrican Rush"

ငွေရောင်စစ်သည်တော်က လေမုန်တိုင်းတစ်ခုလိုမျိုး Archmegaဆီကို ပြေးဝင်လာတယ်။ တစ်ဖက်က Archmegaကလည်း အလင်းဗုံးတွေကို အသင့်ပြင်ထားပြီးပါပြီ။ အလင်းဗုံးတွေက မိုးစက်မိုးပေါက်တွေလိုမျိုး ငွေ​ရောင်စစ်သည်ဆီကို ပြေးဝင်လာတယ်။ ဒါပေမဲ့ ငွေရောင်စစ်သည်ရဲ့အတောင်ပံက အလင်းဒြပ်မှုန်တွေကိုသုံးပြီး ၃၆၀ ဒီဂရီအပြည့်ချိုးကွေ့ကာ အလင်းဗုံးတွေကို နောက်ချန်ထားပြီး Archmegaရဲ့ပခုံးကို မြေဆွဲအားဓားနဲ့ခုတ်လိုက်နိုင်တယ်။

Archmegaရဲ့ဝတ်စုံက အနက်ရောင်ပေမဲ့ တကယ်ကိုမာကျောတဲ့ ဇက်သတ္တုအစစ်တွေနဲ့ဖန်တီးထားတာပါ။ ပြီးတော့ ငွေရောင်စစ်သည်ဝတ်စုံရဲ့အလိုက်သင့် ပြောင်းလဲနိုင်စွမ်းမရှိတာကလွဲပြီး မာကျောမှုမှာတော့ Archmegaက အတော်လေးပိုသာပါတယ်။ ဒါပေမဲ့ ဟာရီကိန်းတိုက်ကွက်ရဲ့အင်အား​ကြောင့် အံ့အားသင့်ဖွယ်အရာတစ်ခု ဖြစ်လာခဲ့ပါပြီ။

မြေ​ဆွဲအားဓားက Archmegaရဲ့ညာဖက်ပခုံးကာကို တစ်ခါတည်းအက်ကွဲသွားစေတယ်။ ဒါကြောင့် Archmegaရဲ့အတွင်းပိုင်းက အကာအရံမဟုတ်တဲ့ စက်ယန္တရားတွေကိုပါ မြင်နေရပြီ။

Archmegaကလည်း အလကားမနေပါဘူး။ သူ့လက်နဲ့မြေဆွဲအားဓားကို ပြန်ဆွဲနှုတ်လို့မရအောင် ဖမ်းဆုပ်လိုက်ပြီး အလင်းဗုံးလောင်ချာနဲ့ ငွေရောင်စစ်သည်ရဲ့ရင်ဘတ်တည့်တည့်ကို ထိုးချိန်လိုက်တယ်။

I just Wanna be Hero not HeroineWhere stories live. Discover now